ရှင်​မာ​ကု​ခ​ရစ်​ဝင် 2:6-9 Myanmar Standard Bible (MSB)

6. သို့​သော် ထို​နေ​ရာ​၌​ထိုင်​နေ​ကြ​သော ကျမ်း​ပြု​ဆ​ရာ​အ​ချို့​တို့​က

7. “ဤ​သူ​သည် အ​ဘယ်​ကြောင့် ထို​ကဲ့​သို့​ပြော​ရ​သ​နည်း။ သူ​သည် ဘု​ရား​သ​ခင်​ကို​စော်​ကား​ပြော​ဆို​၏။ ဘု​ရား​သ​ခင်​မှ​တစ်​ပါး မည်​သူ​သည် အ​ပြစ်​များ​ကို​ခွင့်​လွှတ်​နိုင်​သ​နည်း”​ဟု မိ​မိ​တို့​စိတ်​ထဲ​၌ တွေး​တော​ဆင်​ခြင်​ကြ​၏။

8. သူ​တို့​စိတ်​ထဲ​၌ ထို​သို့​တွေး​တော​ဆင်​ခြင်​နေ​ကြောင်း​ကို ယေ​ရှု​သည် မိ​မိ​စိတ်​ဝိ​ညာဉ်​ဖြင့် ချက်​ချင်း​သိ​တော်​မူ​၍ “အ​ဘယ်​ကြောင့် သင်​တို့​၏​စိတ်​နှ​လုံး​ထဲ​၌ ထို​သို့​တွေး​တော​ဆင်​ခြင်​နေ​ကြ​သ​နည်း။

9. လေ​ဖြတ်​သော​သူ​အား ‘သင်​၏​အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ခံ​ရ​ပြီ’​ဟု ဆို​ရန်​နှင့် ‘ထ​၍ သင်​၏​အိပ်​ရာ​ကို​ဆောင်​ယူ​လျက် လမ်း​လျှောက်​လော့’​ဟု ဆို​ရန် မည်​သည့်​အ​ရာ​က ပို​၍​လွယ်​ကူ​သ​နည်း။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 2