ရှင်​မာ​ကု​ခ​ရစ်​ဝင် 2:16-22 Myanmar Standard Bible (MSB)

16. ကိုယ်​တော်​သည် အ​ပြစ်​သား​များ၊ အ​ခွန်​ကောက်​ခံ​သူ​များ​နှင့်​အ​တူ စား​သောက်​လျက်​နေ​သည်​ကို ဖာ​ရိ​ရှဲ​တို့​ထဲ​မှ ကျမ်း​ပြု​ဆ​ရာ​များ​မြင်​လျှင် “သူ​သည် အ​ဘယ်​ကြောင့် အ​ခွန်​ကောက်​ခံ​သူ​များ၊ အ​ပြစ်​သား​များ​နှင့်​အ​တူ စား​သောက်​သ​နည်း”​ဟု တ​ပည့်​တော်​တို့​အား မေး​မြန်း​ကြ​၏။

17. ယေ​ရှု​သည် ထို​စ​ကား​ကို​ကြား​လျှင် “ကျန်း​မာ​သော​သူ​တို့​သည် ဆေး​ဆ​ရာ​ကို​မ​လို​အပ်​ကြ​ပေ။ နာ​မ​ကျန်း​ဖြစ်​သော​သူ​တို့​သာ​လျှင် လို​အပ်​ကြ​၏။ ဖြောင့်​မတ်​သော​သူ​တို့​ကို​ခေါ်​ရန် ငါ​လာ​သည်​မ​ဟုတ်။ အ​ပြစ်​သား​တို့​ကို​ခေါ်​ရန် ငါ​လာ​၏”​ဟု သူ​တို့​အား မိန့်​တော်​မူ​၏။

18. ယော​ဟန်​၏​တ​ပည့်​များ​နှင့် ဖာ​ရိ​ရှဲ​တို့​သည် အ​စာ​ရှောင်​လျက်​နေ​ကြ​၏။ လူ​တို့​သည် ကိုယ်​တော်​ထံ​သို့​လာ​၍ “ယော​ဟန်​၏​တ​ပည့်​များ​နှင့် ဖာ​ရိ​ရှဲ​တို့​၏​တ​ပည့်​များ​သည် အ​စာ​ရှောင်​နေ​ကြ​သော်​လည်း ကိုယ်​တော်​၏​တ​ပည့်​များ​သည် အ​ဘယ်​ကြောင့် အ​စာ​မ​ရှောင်​ကြ​သ​နည်း”​ဟု မေး​လျှောက်​ကြ​၏။

19. ယေ​ရှု​က​လည်း “သ​တို့​သား​၏​ဆွေ​မျိုး​မိတ်သင်္ဂ​ဟ​များ​သည် သ​တို့​သား​နှင့်​အ​တူ​ရှိ​နေ​စဉ် အ​စာ​ရှောင်​နိုင်​ကြ​မည်​လော။ သူ​တို့​သည် သ​တို့​သား​နှင့်​အ​တူ​ရှိ​နေ​သ​ရွေ့ အ​စာ​မ​ရှောင်​နိုင်​ကြ​ပေ။

20. သို့​သော် သ​တို့​သား​ကို သူ​တို့​ထံ​မှ​ခေါ်​ဆောင်​သွား​မည့် နေ့​ရက်​များ​ရောက်​လာ​လိမ့်​မည်။ ထို​နေ့​ရက်​ရောက်​လာ​သည့်​အ​ခါ​၌ သူ​တို့​သည် အ​စာ​ရှောင်​ကြ​လိမ့်​မည်။

21. မည်​သူ​မျှ အ​ဝတ်​အ​ဟောင်း​ကို ပိတ်​စ​အ​သစ်​ဖြင့် ဖာ​လေ့​မ​ရှိ။ ထို​သို့​ပြု​လျှင် အ​သစ်​ဖာ​ထား​သော​ပိတ်​စ​သည် အ​ဝတ်​အ​ဟောင်း​ကို​ရုန်း​သ​ဖြင့် စုတ်​ပြဲ​သည့်​နေ​ရာ​သည် ပို​၍​ဆိုး​လာ​လိမ့်​မည်။

22. စ​ပျစ်​ဝိုင်​အ​သစ်​ကို​လည်း မည်​သူ​မျှ သား​ရေ​ဘူး​အ​ဟောင်း​၌​ထည့်​လေ့​မ​ရှိ။ ထို​သို့​ပြု​လျှင် စ​ပျစ်​ဝိုင်​သည် သား​ရေ​ဘူး​ကို​ပေါက်​ပြဲ​စေ​သ​ဖြင့် စ​ပျစ်​ဝိုင်​ရော​သား​ရေ​ဘူး​ပါ ပျက်​စီး​သွား​လိမ့်​မည်။ စ​ပျစ်​ဝိုင်​အ​သစ်​ကို သား​ရေ​ဘူး​အ​သစ်​၌​သာ ထည့်​ကြ​၏”​ဟု မိန့်​တော်​မူ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 2