ရှင်​မာ​ကု​ခ​ရစ်​ဝင် 15:8-15 Myanmar Standard Bible (MSB)

8. လူ​ထု​ပ​ရိ​သတ်​သည်​ရောက်​လာ​၍ ပြု​လေ့​ရှိ​သည့်​အ​တိုင်း သူ​တို့​အ​တွက်​ဆောင်​ရွက်​ပေး​ရန် တောင်း​ဆို​ကြ​၏။

9. ပိ​လတ်​မင်း​က​လည်း “သင်​တို့​အ​တွက် ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်​ကို လွှတ်​ပေး​စေ​လို​သ​လော”​ဟု သူ​တို့​အား ပြန်​၍​မေး​လေ​၏။

10. ထို​သို့​မေး​ခြင်း​မှာ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​တို့​သည် မ​လို​မုန်း​ထား​စိတ်​ဖြင့် ယေ​ရှု​ကို​အပ်​နှံ​ခဲ့​ကြောင်း ပိ​လတ်​မင်း​သိ​သော​ကြောင့်​ဖြစ်​၏။

11. သို့​သော် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​တို့​သည် ဗာ​ရဗ္ဗ​ကို​သာ လွှတ်​ပေး​မည့်​အ​ကြောင်း တောင်း​ဆို​ကြ​ရန် လူ​ထု​ပ​ရိ​သတ်​ကို​လှုံ့​ဆော်​ကြ​၏။

12. ထို​အ​ခါ ပိ​လတ်​မင်း​က “သို့​ဖြစ်​လျှင် ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်​ဟု သင်​တို့​ခေါ်​သော​သူ​ကို မည်​သို့​ပြု​ရ​မည်​နည်း”​ဟု တစ်​ဖန် မေး​လေ​သော်

13. သူ​တို့​က “သူ့​ကို​လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​လိုက်​ပါ”​ဟု ပြန်​၍​အော်​ဟစ်​ကြ​၏။

14. ပိ​လတ်​မင်း​က​လည်း “အ​ဘယ်​ကြောင့်​နည်း။ သူ​သည် မည်​သည့်​အ​ပြစ်​ကို​ကျူး​လွန်​ခဲ့​သ​နည်း”​ဟု ပြန်​မေး​သော်​လည်း သူ​တို့​က “သူ့​ကို​လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​လိုက်​ပါ”​ဟု ပို​၍​အော်​ဟစ်​ကြ​၏။

15. ပိ​လတ်​မင်း​သည် လူ​ထု​ပ​ရိ​သတ်​ကို​ကျေ​နပ်​စေ​လို​၍ သူ​တို့​အ​တွက် ဗာ​ရဗ္ဗ​ကို​လွှတ်​ပေး​လေ​၏။ ယေ​ရှု​ကို​မူ​ကား ကျာ​ပွတ်​ဖြင့်​ရိုက်​နှက်​စေ​ပြီး​နောက် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ရန် အပ်​နှံ​လိုက်​လေ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 15