ရှင်​မာ​ကု​ခ​ရစ်​ဝင် 15:44-47 Myanmar Standard Bible (MSB)

44. ပိ​လတ်​မင်း​သည် ယေ​ရှု​သေ​ဆုံး​ပြီ​လော​ဟု​အံ့​ဩ​၍ တပ်​မှူး​ကို​ခေါ်​လျက် ယေ​ရှု​သေ​ဆုံး​ပြီ​ဖြစ်​ကြောင်း ဟုတ်​မ​ဟုတ်​မေး​လေ​၏။

45. တပ်​မှူး​ထံ​မှ ဟုတ်​မှန်​ကြောင်း​သိ​ရ​လျှင် အ​လောင်း​တော်​ကို ယော​သပ်​အား​ပေး​လေ​၏။

46. ထို​အ​ခါ ယော​သပ်​သည် ပိတ်​ချော​ကို​ဝယ်​ပြီး​လျှင် အ​လောင်း​တော်​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​မှ​ချ​၍ ပိတ်​ချော​ဖြင့်​ပတ်​ရစ်​ကာ ကျောက်​ဆောင်​၌​ထွင်း​ထား​သော သင်္ချိုင်း​ဂူ​ထဲ​တွင်​သွင်း​ထား​၏။ ထို့​နောက် ကျောက်​တုံး​ကို​လှိမ့်​၍ သင်္ချိုင်း​ဂူ​ဝ​ကို ပိတ်​ထား​လေ​၏။

47. မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ​နှင့် ယော​သေ​၏​မိ​ခင်​ဖြစ်​သော​မာ​ရိ​တို့​သည်​လည်း မည်​သည့်​နေ​ရာ​၌ အ​လောင်း​တော်​ထား​ကြ​သည်​ကို ကြည့်​ရှု​ကြ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 15