ရှင်​မာ​ကု​ခ​ရစ်​ဝင် 14:67-72 Myanmar Standard Bible (MSB)

67. မီး​လှုံ​နေ​သော​ပေ​တ​ရု​ကို​တွေ့​လျှင် သူ့​ကို​စူး​စိုက်​ကြည့်​လျက် “သင်​သည်​လည်း နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​နှင့်​အ​တူ​ရှိ​ခဲ့​သည်”​ဟု ဆို​၏။

68. သို့​သော် ပေ​တ​ရု​သည် “သင်​ပြော​နေ​သည့်​အ​ရာ​ကို ငါ​မ​သိ၊ နား​လည်း​မ​လည်”​ဟု ငြင်း​ဆို​လျက် ခြံ​အ​ဝင်​ဝ​ဘက်​သို့​ထွက်​သွား​ရာ ကြက်​တွန်​လေ​၏။

69. ထို့​နောက် ထို​အ​စေ​ခံ​မိန်း​မ​သည် ပေ​တ​ရု​ကို နောက်​တစ်​ဖန်​တွေ့​သ​ဖြင့် အ​နီး​၌​ရပ်​နေ​သော​သူ​တို့​အား “ဤ​သူ​သည် သူ​တို့​ထဲ​က​တစ်​ဦး​ဖြစ်​သည်”​ဟု ဆို​၏။

70. သို့​သော် ပေ​တ​ရု​သည် တစ်​ဖန်​ငြင်း​ဆို​လေ​၏။ ထို့​နောက် ခ​ဏ​ကြာ​လျှင် အ​နီး​၌​ရပ်​နေ​သော​သူ​တို့​က “သင်​သည် အ​မှန်​ပင် သူ​တို့​အ​ထဲ​မှ​တစ်​ဦး​ဖြစ်​၏။ အ​ကြောင်း​မူ​ကား သင်​သည်​လည်း ဂါ​လိ​လဲ​နယ်​သား​ဖြစ်​၏”​ဟု ထပ်​၍ ပေ​တ​ရု​အား​ဆို​ကြ​၏။

71. ပေ​တ​ရု​က​လည်း “သင်​တို့​ပြော​နေ​သည့်​လူ​ကို ငါ​မ​သိ”​ဟု တိုင်​တည်​၍​ကျိန်​ဆို​လေ​၏။

72. ထို​ခ​ဏ​ချင်း​တွင် ဒု​တိ​ယ​အ​ကြိမ် ကြက်​တွန်​လေ​၏။ ထို​အ​ခါ ပေ​တ​ရု​သည် “ကြက်​နှစ်​ကြိမ်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်​တိုင်​ငြင်း​ပယ်​လိမ့်​မည်”​ဟု ယေ​ရှု​မိန့်​တော်​မူ​ခဲ့​သော​စ​ကား​ကို သ​တိ​ရ​သ​ဖြင့် ချုံး​ပွဲ​ချ​ငို​ကြွေး​လေ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 14