ရှင်​မာ​ကု​ခ​ရစ်​ဝင် 14:61-64 Myanmar Standard Bible (MSB)

61. သို့​သော် ကိုယ်​တော်​သည် တစ်​ခွန်း​မျှ​မ​ဖြေ​ကြား​ဘဲ တိတ်​ဆိတ်​စွာ​နေ​တော်​မူ​၏။ တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​မင်း​က “သင်​သည် မင်္ဂ​လာ​ရှိ​သော​အ​ရှင်​၏​သား​တော်​တည်း​ဟူ​သော ခ​ရစ်​တော်​ဖြစ်​သ​လော”​ဟု မေး​လေ​၏။

62. ယေ​ရှု​က​လည်း “ငါ​ဖြစ်​၏။ လူ့​သား​သည် တန်​ခိုး​တော်​၏​လက်​ယာ​ဘက်​၌​ထိုင်​လျက် ကောင်း​ကင်​မိုး​တိမ်​များ​ဖြင့်​ကြွ​လာ​သည်​ကို သင်​တို့​မြင်​ရ​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

63. ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​သည် မိ​မိ​၏​အ​ဝတ်​ကို​ဆုတ်​ဖြဲ​လျက် “နောက်​ထပ် မည်​သည့်​သက်​သေ​များ​လို​သေး​သ​နည်း။

64. ဘု​ရား​သ​ခင်​အား​စော်​ကား​ပြော​ဆို​သော​စ​ကား​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ သင်​တို့​မည်​သို့​ထင်​မြင်​ကြ​သ​နည်း”​ဟု ဆို​သော် သူ​တို့​အား​လုံး​သည် ကိုယ်​တော်​ကို သေ​ဒဏ်​ခံ​ထိုက်​သည်​ဟု စီ​ရင်​ကြ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 14