ရှင်​မာ​ကု​ခ​ရစ်​ဝင် 14:54-68 Myanmar Standard Bible (MSB)

54. ပေ​တ​ရု​သည်​လည်း ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ခြံ​ဝင်း​အ​တွင်း​ထဲ​အ​ထိ ကိုယ်​တော့်​နောက်​သို့ မ​လှမ်း​မ​ကမ်း​မှ​လိုက်​သွား​ကာ အ​စောင့်​တပ်​သား​များ​နှင့်​အ​တူ​ထိုင်​လျက် မီး​လှုံ​နေ​၏။

55. ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် တ​ရား​လွှတ်​တော်​တစ်​ရပ်​လုံး​သည် ယေ​ရှု​ကို​သေ​ဒဏ်​ချ​မှတ်​နိုင်​ရန် ကိုယ်​တော်​၏​ပြစ်​မှု​ကို​ထင်​ရှား​စေ​မည့် သက်​သေ​ကို​ရှာ​ကြ​သော်​လည်း မ​တွေ့​ကြ။

56. အ​ကြောင်း​မူ​ကား လူ​များ​စွာ​တို့​သည် ကိုယ်​တော်​၏​တစ်​ဖက်​၌ မ​မှန်​သော​သက်​သေ​ထွက်​ဆို​ကြ​သော်​လည်း သူ​တို့​၏​သက်​သေ​ခံ​ချက်​များ​သည် ကိုက်​ညီ​မှု​မ​ရှိ​ကြ​ပေ။

57. ထို​အ​ခါ လူ​အ​ချို့​တို့​သည်​ထ​၍ ကိုယ်​တော်​၏​တစ်​ဖက်​၌ မ​မှန်​သော​သက်​သေ​ထွက်​ဆို​လျက်

58. “ဤ​သူ​က ‘ငါ​သည် လူ့​လက်​ဖြင့်​တည်​ဆောက်​သော ဤ​ဗိ​မာန်​တော်​ကို​ဖြို​ဖျက်​၍ လူ့​လက်​ဖြင့်​မ​တည်​ဆောက်​သော အ​ခြား​ဗိ​မာန်​တော်​ကို သုံး​ရက်​အ​တွင်း​တည်​ဆောက်​မည်’​ဟု ပြော​ဆို​သည်​ကို အ​ကျွန်ုပ်​တို့​ကြား​ရ​ပါ​သည်”​ဟု ဆို​ကြ​၏။

59. သို့​သော် သူ​တို့​၏​သက်​သေ​ခံ​ချက်​သည်​လည်း အ​လား​တူ​ပင်​ကိုက်​ညီ​မှု​မ​ရှိ​ပေ။

60. ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​သည် သူ​တို့​ရှေ့​၌​ထ​၍ “သင်​သည် တစ်​ခွန်း​မျှ​မ​ဖြေ​ဘဲ​နေ​သ​လော။ ဤ​သူ​တို့​သည် သင့်​တစ်​ဖက်​၌ သက်​သေ​ခံ​ကြ​သည်​မှာ မည်​သို့​နည်း”​ဟု ယေ​ရှု​အား​မေး​လေ​၏။

61. သို့​သော် ကိုယ်​တော်​သည် တစ်​ခွန်း​မျှ​မ​ဖြေ​ကြား​ဘဲ တိတ်​ဆိတ်​စွာ​နေ​တော်​မူ​၏။ တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​မင်း​က “သင်​သည် မင်္ဂ​လာ​ရှိ​သော​အ​ရှင်​၏​သား​တော်​တည်း​ဟူ​သော ခ​ရစ်​တော်​ဖြစ်​သ​လော”​ဟု မေး​လေ​၏။

62. ယေ​ရှု​က​လည်း “ငါ​ဖြစ်​၏။ လူ့​သား​သည် တန်​ခိုး​တော်​၏​လက်​ယာ​ဘက်​၌​ထိုင်​လျက် ကောင်း​ကင်​မိုး​တိမ်​များ​ဖြင့်​ကြွ​လာ​သည်​ကို သင်​တို့​မြင်​ရ​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

63. ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​သည် မိ​မိ​၏​အ​ဝတ်​ကို​ဆုတ်​ဖြဲ​လျက် “နောက်​ထပ် မည်​သည့်​သက်​သေ​များ​လို​သေး​သ​နည်း။

64. ဘု​ရား​သ​ခင်​အား​စော်​ကား​ပြော​ဆို​သော​စ​ကား​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ သင်​တို့​မည်​သို့​ထင်​မြင်​ကြ​သ​နည်း”​ဟု ဆို​သော် သူ​တို့​အား​လုံး​သည် ကိုယ်​တော်​ကို သေ​ဒဏ်​ခံ​ထိုက်​သည်​ဟု စီ​ရင်​ကြ​၏။

65. ထို့​နောက် အ​ချို့​တို့​သည် ကိုယ်​တော်​ကို​တံ​တွေး​နှင့်​ထွေး​လျက် မျက်​နှာ​တော်​ကို​ဖုံး​အုပ်​ပြီး​လျှင် ကိုယ်​တော်​ကို​ထိုး​နှက်​ကာ “ဟော​ကြည့်​ပါ”​ဟု ဆို​ကြ​၏။ အ​စောင့်​တပ်​သား​များ​သည်​လည်း ကိုယ်​တော်​ကို​ခေါ်​သွား​၍ ရိုက်​ပုတ်​ကြ​၏။

66. ပေ​တ​ရု​သည် ခြံ​ဝင်း​အောက်​ဘက်​၌​ရှိ​စဉ် ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အ​စေ​ခံ​မိန်း​မ​တစ်​ဦး​သည်​လာ​၍

67. မီး​လှုံ​နေ​သော​ပေ​တ​ရု​ကို​တွေ့​လျှင် သူ့​ကို​စူး​စိုက်​ကြည့်​လျက် “သင်​သည်​လည်း နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​နှင့်​အ​တူ​ရှိ​ခဲ့​သည်”​ဟု ဆို​၏။

68. သို့​သော် ပေ​တ​ရု​သည် “သင်​ပြော​နေ​သည့်​အ​ရာ​ကို ငါ​မ​သိ၊ နား​လည်း​မ​လည်”​ဟု ငြင်း​ဆို​လျက် ခြံ​အ​ဝင်​ဝ​ဘက်​သို့​ထွက်​သွား​ရာ ကြက်​တွန်​လေ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 14