ရှင်​မာ​ကု​ခ​ရစ်​ဝင် 14:52-58 Myanmar Standard Bible (MSB)

52. သို့​သော် သူ​သည် ပိတ်​ချော​ထည်​ကို​ထား​ခဲ့​၍ အ​ဝတ်​မ​ပါ​ဘဲ​ထွက်​ပြေး​သွား​လေ​၏။

53. ထို့​နောက် သူ​တို့​သည် ယေ​ရှု​ကို ယဇ်​ပု​ရော​ဟိတ်​မင်း​ထံ​သို့ ခေါ်​ဆောင်​သွား​ကြ​ရာ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ၊ သက်​ကြီး​ဝါ​ကြီး​များ​နှင့်​ကျမ်း​ပြု​ဆ​ရာ​များ​ရှိ​သ​မျှ​သည် စု​ဝေး​လာ​ကြ​၏။

54. ပေ​တ​ရု​သည်​လည်း ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ခြံ​ဝင်း​အ​တွင်း​ထဲ​အ​ထိ ကိုယ်​တော့်​နောက်​သို့ မ​လှမ်း​မ​ကမ်း​မှ​လိုက်​သွား​ကာ အ​စောင့်​တပ်​သား​များ​နှင့်​အ​တူ​ထိုင်​လျက် မီး​လှုံ​နေ​၏။

55. ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် တ​ရား​လွှတ်​တော်​တစ်​ရပ်​လုံး​သည် ယေ​ရှု​ကို​သေ​ဒဏ်​ချ​မှတ်​နိုင်​ရန် ကိုယ်​တော်​၏​ပြစ်​မှု​ကို​ထင်​ရှား​စေ​မည့် သက်​သေ​ကို​ရှာ​ကြ​သော်​လည်း မ​တွေ့​ကြ။

56. အ​ကြောင်း​မူ​ကား လူ​များ​စွာ​တို့​သည် ကိုယ်​တော်​၏​တစ်​ဖက်​၌ မ​မှန်​သော​သက်​သေ​ထွက်​ဆို​ကြ​သော်​လည်း သူ​တို့​၏​သက်​သေ​ခံ​ချက်​များ​သည် ကိုက်​ညီ​မှု​မ​ရှိ​ကြ​ပေ။

57. ထို​အ​ခါ လူ​အ​ချို့​တို့​သည်​ထ​၍ ကိုယ်​တော်​၏​တစ်​ဖက်​၌ မ​မှန်​သော​သက်​သေ​ထွက်​ဆို​လျက်

58. “ဤ​သူ​က ‘ငါ​သည် လူ့​လက်​ဖြင့်​တည်​ဆောက်​သော ဤ​ဗိ​မာန်​တော်​ကို​ဖြို​ဖျက်​၍ လူ့​လက်​ဖြင့်​မ​တည်​ဆောက်​သော အ​ခြား​ဗိ​မာန်​တော်​ကို သုံး​ရက်​အ​တွင်း​တည်​ဆောက်​မည်’​ဟု ပြော​ဆို​သည်​ကို အ​ကျွန်ုပ်​တို့​ကြား​ရ​ပါ​သည်”​ဟု ဆို​ကြ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 14