24. ကိုယ်တော်ကလည်း “ဤသည်ကား လူများစွာအဖို့သွန်းလောင်းသည့် ပဋိညာဉ်နှင့်ဆိုင်သော ငါ၏သွေးဖြစ်၏။
25. သင်တို့အား ငါအမှန်ဆိုသည်ကား ဘုရားသခင်၏နိုင်ငံတော်၌ အသစ်ပြန်သောက်မည့် ထိုနေ့ရက်တိုင်အောင် စပျစ်သီးမှဖြစ်သောအရည်ကို ငါလုံးဝသောက်တော့မည်မဟုတ်”ဟု မိန့်တော်မူ၏။
26. ထို့နောက် သူတို့သည် ချီးမွမ်းသီချင်းသီဆိုပြီးမှ သံလွင်တောင်သို့ထွက်သွားကြ၏။
27. ထိုအခါ ယေရှုက “‘ငါသည် သိုးထိန်းကိုခုတ်သတ်သဖြင့် သိုးတို့သည် ကွဲလွင့်သွားရကြလိမ့်မည်’ဟု ကျမ်းစာ၌ရေးထားသည်ဖြစ်၍ သင်တို့အားလုံးသည် စိတ်ပျက်ကြလိမ့်မည်။
28. သို့သော် ငါသည်ထမြောက်ပြီးနောက် ဂါလိလဲနယ်သို့ သင်တို့ထက်အလျင်ဦးစွာသွားနှင့်မည်”ဟု မိန့်တော်မူ၏။
29. ထိုအခါ ပေတရုက “အားလုံးစိတ်ပျက်ကြလျှင်လည်း အကျွန်ုပ်သည် စိတ်ပျက်မည်မဟုတ်ပါ”ဟု လျှောက်လေ၏။