17. ညနေချမ်းအချိန်ရောက်သောအခါ ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့နှင့်အတူ ကြွလာတော်မူ၏။
18. ထို့နောက် သူတို့သည် စားပွဲ၌ထိုင်လျက် စားသောက်နေကြစဉ် ယေရှုက “သင်တို့အား ငါအမှန်ဆိုသည်ကား ငါနှင့်အတူစားနေသော သင်တို့အထဲမှတစ်ဦးသည် ငါ့ကိုအပ်နှံလိမ့်မည်”ဟု မိန့်တော်မူ၏။
19. သူတို့သည် စိတ်မကောင်းဖြစ်လျက် “အကျွန်ုပ်လော”ဟု ကိုယ်တော်အား တစ်ယောက်ပြီးတစ်ယောက်မေးလျှောက်ကြ၏။
20. ကိုယ်တော်ကလည်း “တစ်ဆယ့်နှစ်ပါးသောသူတို့ထဲမှ တစ်ဦးဖြစ်ပြီး ငါနှင့်အတူတစ်ပန်းကန်ထဲတွင် လက်နှိုက်သောသူဖြစ်၏။
21. လူ့သားသည် မိမိနှင့်ပတ်သက်၍ရေးထားသည့်အတိုင်း သွားရမည်မှန်၏။ သို့သော် လူ့သားကိုအပ်နှံသောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် မမွေးဖွားလာခဲ့လျှင် သူ့အတွက် သာ၍ကောင်းပေလိမ့်မည်”ဟု မိန့်တော်မူ၏။
22. ထို့နောက် သူတို့စားလျက်နေကြစဉ် ကိုယ်တော်သည် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ သူတို့အားပေးလျက် “ယူကြလော့။ ဤမုန့်ကား ငါ၏ကိုယ်ခန္ဓာဖြစ်၏”ဟု မိန့်တော်မူ၏။