ရှင်​မာ​ကု​ခ​ရစ်​ဝင် 14:1-9 Myanmar Standard Bible (MSB)

1. ပ​သ​ခါ​ပွဲ​တော်​နှင့် တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​များ​ကျ​ရောက်​ရန် နှစ်​ရက်​သာ​လို​တော့​၏။ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​သည် ယေ​ရှု​ကို ပ​ရိ​ယာယ်​အား​ဖြင့် မည်​ကဲ့​သို့​ဖမ်း​ဆီး​သတ်​ဖြတ်​ရ​မည်​ကို ရှာ​ကြံ​နေ​ကြ​၏။

2. သို့​သော် သူ​တို့​က “လူ​တို့​ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​မည်​ကို စိုး​ရိမ်​ရ​သည်​ဖြစ်​၍ ပွဲ​တော်​အ​တွင်း မ​ဖမ်း​ကြ​နှင့်”​ဟု ပြော​ဆို​ကြ​၏။

3. ယေ​ရှု​သည် ဗေ​သ​နိ​ရွာ​တွင် အ​နာ​ကြီး​ရော​ဂါ​သည်​ရှိ​မုန်​၏​အိမ်​ထဲ​၌​ထိုင်​၍ စား​သောက်​နေ​တော်​မူ​စဉ် အ​မျိုး​သ​မီး​တစ်​ဦး​သည် အ​လွန်​တန်​ဖိုး​ကြီး​သော နာ​ဒု​ဆီ​မွှေး​အ​စစ်​ထည့်​ထား​သည့် ကျောက်​ဖြူ​ဘူး​ကို​ယူ​ဆောင်​လာ​၍ ထို​ကျောက်​ဖြူ​ဘူး​ကို​ခွဲ​ပြီး​လျှင် ကိုယ်​တော်​၏​ခေါင်း​ပေါ်​၌ ဆီ​မွှေး​ကို သွန်း​လောင်း​လေ​၏။

4. ထို​အ​ခါ လူ​အ​ချို့​တို့​သည် စိတ်​ဆိုး​လျက် “အ​ဘယ်​ကြောင့် ဤ​ဆီ​မွှေး​ကို ဖြုန်း​တီး​ရ​သ​နည်း။

5. ဤ​ဆီ​မွှေး​ကို ဒေ​နာ​ရိ​သုံး​ရာ​ကျော်​နှင့်​ရောင်း​၍ ဆင်း​ရဲ​သား​တို့​ကို ပေး​ကမ်း​နိုင်​သည်”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကာ ထို​အ​မျိုး​သ​မီး​ကို​အ​ပြစ်​တင်​ကြ​၏။

6. သို့​သော် ယေ​ရှု​က “သူ​ပြု​လို​ရာ​ပြု​ပါ​စေ။ သူ့​ကို အ​ဘယ်​ကြောင့်​နှောင့်​ယှက်​ကြ​သ​နည်း။ သူ​သည် ငါ​၌​ကောင်း​သော​အ​မှု​ကို​ပြု​လေ​ပြီ။

7. အ​ကြောင်း​မူ​ကား ဆင်း​ရဲ​သား​တို့​သည် သင်​တို့​၌ အ​စဉ်​ရှိ​ကြ​သည်​ဖြစ်​၍ သင်​တို့​အ​လို​ရှိ​သည့်​အ​ခါ သူ​တို့​ကို​ကျေး​ဇူး​ပြု​နိုင်​၏။ ငါ​မူ​ကား သင်​တို့​၌ အ​စဉ်​ရှိ​သည်​မ​ဟုတ်။

8. သူ​သည် တတ်​နိုင်​သ​မျှ​ကို​ပြု​ခဲ့​ပြီ။ သင်္ဂြိုဟ်​ခြင်း​အ​မှု​အ​တွက် ငါ​၏​ကိုယ်​ခန္ဓာ​ကို ကြို​တင်​၍​ဆီ​မွှေး​လိမ်း​ပြီ။

9. သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ ကမ္ဘာ​တစ်​ဝန်း​လုံး​တွင် ကောင်း​မြတ်​သော​သ​တင်း​ကို ဟော​ပြော​သည့်​နေ​ရာ​တိုင်း​၌ ဤ​အ​မျိုး​သ​မီး​ပြု​ခဲ့​သော​အ​မှု​အ​ရာ​ကို​လည်း သူ​၏​အ​မှတ်​တ​ရ​အ​ဖြစ် ပြော​ကြား​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 14