ရှင်​မာ​ကု​ခ​ရစ်​ဝင် 13:16-28 Myanmar Standard Bible (MSB)

16. လယ်​၌​ရှိ​သော​သူ​သည်​လည်း မိ​မိ​ဝတ်​ရုံ​ကို​ယူ​ရန် နောက်​သို့​ပြန်​မ​လှည့်​စေ​နှင့်။

17. ထို​နေ့​ရက်​တို့​၌ ကိုယ်​ဝန်​ဆောင်​အ​မျိုး​သ​မီး​များ​နှင့် နို့​စို့​က​လေး​ငယ်​ရှိ​သော​မိ​ခင်​များ​သည် စိတ်​မ​ချမ်း​မြေ့​ဖွယ်​ဖြစ်​ကြ​လိမ့်​မည်။

18. ထို​နေ့​ရက်​တို့​သည် ဆောင်း​ရာ​သီ​၌ မ​ကျ​ရောက်​စေ​ရန် ဆု​တောင်း​ကြ​လော့။

19. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​သည့် ဖန်​ဆင်း​ခံ​လော​က​၏​အ​စ​အ​ဦး​မှ​စ​၍ ယ​ခု​တိုင်​အောင်​မ​ဖြစ်​စ​ဖူး၊ နောင်​တွင်​လည်း လုံး​ဝ​ဖြစ်​မည်​မ​ဟုတ်​သော ဆင်း​ရဲ​ဒုက္ခ​မျိုး​သည် ထို​ကာ​လ​၌​ကျ​ရောက်​လိမ့်​မည်။

20. ထာ​ဝ​ရ​ဘု​ရား​သည် ထို​နေ့​ရက်​တို့​ကို တို​တောင်း​စေ​တော်​မ​မူ​လျှင် မည်​သူ​မျှ​လွတ်​နိုင်​မည်​မ​ဟုတ်။ သို့​သော် ကိုယ်​တော်​ရွေး​ကောက်​ထား​သည့် ရွေး​ကောက်​ခံ​ရ​သော​သူ​တို့​အ​တွက် ထို​နေ့​ရက်​တို့​ကို တို​တောင်း​စေ​တော်​မူ​၏။

21. ထို​အ​ခါ တစ်​စုံ​တစ်​ယောက်​က သင်​တို့​အား ‘ကြည့်​လော့။ ခ​ရစ်​တော်​သည် ဤ​အ​ရပ်​၌​ရှိ​၏’​သို့​မ​ဟုတ် ‘ကြည့်​လော့။ ထို​အ​ရပ်​၌​ရှိ​၏’​ဟု ဆို​လျှင်​လည်း မ​ယုံ​ကြ​နှင့်။

22. အ​ကြောင်း​မူ​ကား ခ​ရစ်​တော်​အ​တု​အ​ယောင်​များ​နှင့် ပ​ရော​ဖက်​အ​တု​အ​ယောင်​များ​ပေါ်​လာ​၍ ဖြစ်​နိုင်​လျှင် ရွေး​ကောက်​ခံ​ရ​သော​သူ​တို့​ကို​ပင်​လှည့်​ဖြား​ရန် နိ​မိတ်​လက္ခ​ဏာ​များ​နှင့် အံ့​သြ​ဖွယ်​ရာ​များ​ကို ပြု​ကြ​လိမ့်​မည်။

23. သို့​ဖြစ်​၍ သင်​တို့​သည် သ​တိ​ပြု​ကြ​လော့။ အ​ရာ​ခပ်​သိမ်း​တို့​ကို သင်​တို့​အား ငါ​ကြို​တင်​ပြော​ထား​ပြီ။

24. သို့​သော် ထို​နေ့​ရက်​တို့​၌ ထို​ဆင်း​ရဲ​ဒုက္ခ​ကျ​ရောက်​ပြီး​နောက် နေ​သည် မှောင်​မည်း​သွား​၍ လ​သည်​လည်း မိ​မိ​၏​အ​လင်း​ရောင်​ကို မ​ပေး​ဘဲ​နေ​လိမ့်​မည်။

25. ကြယ်​တို့​သည်​လည်း ကောင်း​ကင်​မှ​ကြွေ​ကျ​ကာ အာ​ကာ​သ​ကောင်း​ကင်​၏​စွမ်း​အား​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။

26. ထို​အ​ခါ လူ့​သား​သည် ကြီး​မား​သော​တန်​ခိုး​နှင့် ဘုန်း​အ​သ​ရေ​တို့​ဖြင့် မိုး​တိမ်​များ​စီး​လျက်​ကြွ​လာ​သည်​ကို လူ​တို့​မြင်​ရ​ကြ​လိမ့်​မည်။

27. ထို့​နောက် လူ့​သား​သည် ကောင်း​ကင်​တ​မန်​တို့​ကို​စေ​လွှတ်​၍ မိ​မိ​ရွေး​ကောက်​ထား​သော​သူ​တို့​ကို ကမ္ဘာ​မြေ​ကြီး​အ​စွန်း​မှ မိုး​ကောင်း​ကင်​အ​စွန်း​တိုင်​အောင် အ​ရပ်​လေး​မျက်​နှာ​မှ စု​စည်း​လိမ့်​မည်။

28. သ​ဖန်း​ပင်​မှ ပုံ​ဥ​ပ​မာ​ကို သင်​ယူ​ကြ​လော့။ ၎င်း​၏​အ​ကိုင်း​အ​ခက်​သည် နု​လာ​ပြီး အ​ရွက်​များ​ထွက်​လာ​သော​အ​ခါ နွေ​ရာ​သီ​နီး​ပြီ​ဖြစ်​ကြောင်း သင်​တို့​သိ​ကြ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 13