13. လူအပေါင်းတို့သည်လည်း ငါ့နာမကြောင့် သင်တို့ကိုမုန်းတီးကြလိမ့်မည်။ သို့သော် အဆုံးတိုင်အောင် တည်ကြည်သောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။
14. ပျက်စီးဆိတ်သုဉ်းခြင်းနှင့်ဆိုင်သောရွံရှာဖွယ်အရာသည် မရပ်သင့်သောနေရာ၌ရပ်နေသည်ကို သင်တို့မြင်ကြသောအခါ (ဖတ်သောသူနားလည်ပါစေ) ယုဒနယ်၌ရှိသောသူတို့သည် တောင်များပေါ်သို့ထွက်ပြေးကြစေ။
15. လေသာဆောင်ပေါ်၌ရှိသောသူသည် အောက်သို့မဆင်းစေနှင့်။ မိမိအိမ်ထဲမှ တစ်စုံတစ်ခုကိုယူရန် အိမ်ထဲသို့လည်းမဝင်စေနှင့်။
16. လယ်၌ရှိသောသူသည်လည်း မိမိဝတ်ရုံကိုယူရန် နောက်သို့ပြန်မလှည့်စေနှင့်။
17. ထိုနေ့ရက်တို့၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့စို့ကလေးငယ်ရှိသောမိခင်များသည် စိတ်မချမ်းမြေ့ဖွယ်ဖြစ်ကြလိမ့်မည်။
18. ထိုနေ့ရက်တို့သည် ဆောင်းရာသီ၌ မကျရောက်စေရန် ဆုတောင်းကြလော့။