ရှင်​မာ​ကု​ခ​ရစ်​ဝင် 12:41-44 Myanmar Standard Bible (MSB)

41. ထို့​နောက် ကိုယ်​တော်​သည် အ​လှူ​ခံ​သေတ္တာ​ဘက်​သို့​မျက်​နှာ​မူ​လျက် ထိုင်​တော်​မူ​၍ လူ​တို့​သည် ကြေး​ဒင်္ဂါး​ကို အ​လှူ​ခံ​သေတ္တာ​ထဲ​သို့ ထည့်​နေ​ကြ​ပုံ​ကို ကြည့်​ရှု​တော်​မူ​၏။ ချမ်း​သာ​သော​သူ​များ​စွာ​တို့​သည် အ​မြောက်​အ​မြား​ထည့်​ကြ​၏။

42. ထို​စဉ် ဆင်း​ရဲ​သော​မု​ဆိုး​မ​တစ်​ဦး​သည် လာ​၍ ကွတ်​ရန်​တေး​တစ်​ပြား​နှင့်​ညီ​သော လတ္တာ​နှစ်​ပြား​ကို​ထည့်​လေ​၏။

43. ထို​အ​ခါ ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​ကို​ခေါ်​၍ “သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား ဤ​ဆင်း​ရဲ​သော​မု​ဆိုး​မ​သည် အ​လှူ​ခံ​သေတ္တာ​ထဲ​သို့ ထည့်​သော​သူ​အား​လုံး​ထက် ပို​၍​ထည့်​လေ​ပြီ။

44. အ​ကြောင်း​မူ​ကား သူ​တို့​အား​လုံး​သည် မိ​မိ​တို့​၏​ကြွယ်​ဝ​ပြည့်​စုံ​မှု​ထဲ​မှ ထည့်​ကြ​၏။ ဤ​မု​ဆိုး​မ​မူ​ကား မိ​မိ​၏​ဆင်း​ရဲ​ချို့​တဲ့​မှု​ထဲ​မှ သူ​၌​ရှိ​သ​မျှ​သော​အ​ရာ​အား​လုံး၊ သူ​၏​အ​သက်​မွေး​စ​ရာ​အား​လုံး​ကို ထည့်​လေ​ပြီ”​ဟု မိန့်​တော်​မူ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 12