4. နောက်တစ်ဖန် အခြားအစေအပါးတစ်ဦးကို သူတို့ထံသို့စေလွှတ်လိုက်ရာ ဦးခေါင်းကိုရိုက်၍ သူ့ကိုအရှက်ခွဲကြ၏။
5. တစ်ဖန် အခြားတစ်ဦးကို စေလွှတ်ပြန်လျှင် သူ့ကိုသတ်ပစ်ကြ၏။ အခြားသောသူများစွာတို့ကိုစေလွှတ်သော်လည်း အချို့တို့ကိုရိုက်နှက်၍ အချို့တို့ကိုသတ်ပစ်ကြ၏။
6. သူ၌ချစ်သောသားတစ်ဦးတည်းရှိတော့၏။ ခြံပိုင်ရှင်က ‘သူတို့သည် ငါ့သားကိုရိုသေကြလိမ့်မည်’ဟု ဆိုလျက် နောက်ဆုံးတွင် ထိုသားကို သူတို့ထံသို့စေလွှတ်လေ၏။
7. သို့သော် ခြံသမားတို့က ‘ဤသူသည်အမွေခံဖြစ်၏။ လာကြ။ သူ့ကိုသတ်ကြစို့။ သို့ပြုလျှင် အမွေသည် ငါတို့ဥစ္စာဖြစ်လာလိမ့်မည်’ဟု အချင်းချင်းပြောဆိုကြလျက်
8. သူ့ကိုဖမ်းဆီး၍ သတ်ပြီးလျှင် စပျစ်ခြံအပြင်သို့ ထုတ်ပစ်ကြ၏။
9. သို့ဖြစ်လျှင် စပျစ်ခြံပိုင်ရှင်သည် မည်သို့ပြုမည်နည်း။ သူသည်လာ၍ ခြံသမားတို့ကိုအဆုံးစီရင်ကာ စပျစ်ခြံကို အခြားသောသူတို့အားပေးလိမ့်မည်။
10. ‘တိုက်ဆောက်သူများပယ်ထားသောကျောက်သည် ထိပ်ဆုံးထောင့်ချုပ်ကျောက်ဖြစ်လာ၏။
11. ဤအမှုသည် ထာဝရဘုရားအားဖြင့်ဖြစ်လာ၍ ငါတို့၏မျက်မှောက်၌ အံ့သြဖွယ်ဖြစ်၏’ဟူသောကျမ်းချက်ကို မဖတ်ဖူးကြသလော”ဟု မိန့်တော်မူ၏။
12. ထိုအခါ သူတို့သည် ထိုပုံဥပမာကို မိမိတို့အားရည်ညွှန်း၍ မိန့်တော်မူကြောင်းသိကြသဖြင့် ကိုယ်တော်ကိုဖမ်းဆီးရန် ရှာကြံကြ၏။ သို့သော် လူထုပရိသတ်ကိုကြောက်သောကြောင့် ကိုယ်တော်ကိုထားခဲ့၍ ထွက်သွားကြ၏။