ရှင်​မာ​ကု​ခ​ရစ်​ဝင် 12:34-42 Myanmar Standard Bible (MSB)

34. ထို​သူ​သည် ပ​ညာ​ရှိ​စွာ​ဖြေ​ကြား​သည်​ကို ယေ​ရှု​မြင်​တော်​မူ​လျှင် “သင်​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​နှင့်​မ​ဝေး”​ဟု သူ့​အား မိန့်​တော်​မူ​၏။ ထို​အ​ချိန်​မှ​စ​၍ မည်​သူ​မျှ ကိုယ်​တော်​အား မေး​ခွန်း​များ​မ​မေး​ဝံ့​တော့​ချေ။

35. တစ်​ဖန် ယေ​ရှု​သည် ဗိ​မာန်​တော်​၌ သွန်​သင်​တော်​မူ​စဉ် “ခ​ရစ်​တော်​သည် ဒါ​ဝိဒ်​၏​သား​ဖြစ်​သည်​ဟု ကျမ်း​ပြု​ဆ​ရာ​တို့​က မည်​သို့​ပြော​ဆို​နိုင်​ကြ​သ​နည်း။

36. ဒါ​ဝိဒ်​ကိုယ်​တိုင် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့် ‘ထာ​ဝ​ရ​ဘု​ရား​သည် ငါ​၏​သ​ခင်​အား သင်​၏​ရန်​သူ​တို့​ကို သင်​၏​ခြေ​ဖ​ဝါး​အောက်​၌ ငါ​ချ​ထား​သည့်​တိုင်​အောင် ငါ​၏​လက်​ယာ​ဘက်​၌ ထိုင်​နေ​လော့​ဟု မိန့်​တော်​မူ​၏’​ဟူ​၍ ဆို​ထား​၏။

37. ဒါ​ဝိဒ်​ကိုယ်​တိုင် ခ​ရစ်​တော်​ကို ‘သ​ခင်’​ဟု ခေါ်​လျှင် ခ​ရစ်​တော်​သည် မည်​ကဲ့​သို့ သူ​၏​သား​ဖြစ်​နိုင်​မည်​နည်း”​ဟု မိန့်​တော်​မူ​၏။ များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​သည် ကိုယ်​တော်​၏​စ​ကား​တော်​ကို ဝမ်း​မြောက်​စွာ​နား​ထောင်​နေ​ကြ​၏။

38. ကိုယ်​တော်​သည် ဆက်​၍​ဟော​ပြော​သွန်​သင်​တော်​မူ​ရာ​၌ “ကျမ်း​ပြု​ဆ​ရာ​တို့​ကို သ​တိ​ထား​ကြ​လော့။ သူ​တို့​သည် ဝတ်​လုံ​ကို​ဝတ်​၍ သွား​လာ​ခြင်း​ကို​လည်း​ကောင်း၊ ဈေး​အ​ရပ်​၌ နှုတ်​ဆက်​ခံ​ရ​ခြင်း​ကို​လည်း​ကောင်း၊

39. ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​၌ အ​ထူး​ထိုင်​ခုံ​များ​ကို​လည်း​ကောင်း၊ စား​သောက်​ပွဲ​များ​၌ အ​ထူး​နေ​ရာ​များ​ကို​လည်း​ကောင်း နှစ်​သက်​ကြ​၏။

40. သူ​တို့​သည် မု​ဆိုး​မ​တို့​၏​အိမ်​ကို​မ​တ​ရား​သိမ်း​ယူ​ပြီး ဟန်​ပြ​၍ ရှည်​လျား​စွာ​ဆု​တောင်း​တတ်​ကြ​၏။ သူ​တို့​သည် ပို​၍​ကြီး​လေး​သော​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

41. ထို့​နောက် ကိုယ်​တော်​သည် အ​လှူ​ခံ​သေတ္တာ​ဘက်​သို့​မျက်​နှာ​မူ​လျက် ထိုင်​တော်​မူ​၍ လူ​တို့​သည် ကြေး​ဒင်္ဂါး​ကို အ​လှူ​ခံ​သေတ္တာ​ထဲ​သို့ ထည့်​နေ​ကြ​ပုံ​ကို ကြည့်​ရှု​တော်​မူ​၏။ ချမ်း​သာ​သော​သူ​များ​စွာ​တို့​သည် အ​မြောက်​အ​မြား​ထည့်​ကြ​၏။

42. ထို​စဉ် ဆင်း​ရဲ​သော​မု​ဆိုး​မ​တစ်​ဦး​သည် လာ​၍ ကွတ်​ရန်​တေး​တစ်​ပြား​နှင့်​ညီ​သော လတ္တာ​နှစ်​ပြား​ကို​ထည့်​လေ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 12