ရှင်​မာ​ကု​ခ​ရစ်​ဝင် 12:14-33 Myanmar Standard Bible (MSB)

14. သူ​တို့​သည်​လာ​၍ ကိုယ်​တော်​အား “ဆ​ရာ၊ ဆ​ရာ​သည် ဖြောင့်​မှန်​သော​သူ​ဖြစ်​ပြီး မည်​သူ့​ကို​မျှ​အား​မ​နာ​ကြောင်း အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ဆ​ရာ​သည် လူ့​မျက်​နှာ​ကို​မ​ထောက်​ဘဲ ဘု​ရား​သ​ခင်​၏​တ​ရား​လမ်း​ကို သမ္မာ​တ​ရား​နှင့်​အ​ညီ​သွန်​သင်​ပါ​၏။ ဆီ​ဇာ​ဧ​က​ရာဇ်​ကို အ​ခွန်​ဆက်​သ​ခြင်း​သည် တ​ရား​တော်​နှင့်​ညီ​သ​လော သို့​မ​ဟုတ် မ​ညီ​သ​လော။ အ​ကျွန်ုပ်​တို့​ဆက်​သ​သင့်​သ​လော သို့​မ​ဟုတ် မ​ဆက်​သ​သင့်​သ​လော”​ဟု မေး​လျှောက်​ကြ​၏။

15. သို့​သော် ကိုယ်​တော်​သည် သူ​တို့​၏​သူ​တော်​ကောင်း​ယောင်​ဆောင်​မှု​ကို သိ​တော်​မူ​၍ “အ​ဘယ်​ကြောင့် ငါ့​ကို​စမ်း​သပ်​ကြ​သ​နည်း။ ငါ​ကြည့်​ရန်​အ​တွက် ဒေ​နာ​ရိ​တစ်​ပြား​ကို ငါ့​ထံ​ယူ​ခဲ့​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

16. သူ​တို့​ယူ​လာ​ကြ​သော​အ​ခါ ကိုယ်​တော်​က “ဤ​သည်​ကား မည်​သူ​၏​ပုံ၊ မည်​သူ​၏​ကမ္ပည်း​စာ​ဖြစ်​သ​နည်း”​ဟု မေး​တော်​မူ​လျှင် သူ​တို့​က “ဆီ​ဇာ​ဧ​က​ရာဇ်​၏​ပုံ​နှင့်​ကမ္ပည်း​စာ​ဖြစ်​ပါ​သည်”​ဟု လျှောက်​ကြ​၏။

17. ယေ​ရှု​က​လည်း “ဆီ​ဇာ​ဧ​က​ရာဇ်​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို ဆီ​ဇာ​ဧ​က​ရာဇ်​အား​ဆက်​သ​၍ ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို ဘု​ရား​သ​ခင်​အား​ဆက်​သ​ကြ​လော့”​ဟု မိန့်​တော်​မူ​ရာ သူ​တို့​သည် ကိုယ်​တော်​ကို​အံ့​သြ​ကြ​၏။

18. ထို့​နောက် ရှင်​ပြန်​ထ​မြောက်​ခြင်း​မ​ရှိ​ဟု​ပြော​ကြ​သော ဇဒ္ဒု​ကဲ​တို့​သည် အ​ထံ​တော်​သို့​လာ​၍

19. “ဆ​ရာ၊ တစ်​စုံ​တစ်​ဦး​၏​အစ်​ကို​သည် သား​သ​မီး​မ​ထွန်း​ကား​ဘဲ​သေ​ဆုံး​၍ မ​ယား​ကို​ထား​ခဲ့​လျှင် ညီ​ဖြစ်​သူ​သည် မိ​မိ​အစ်​ကို​၏​မျိုး​ဆက်​ကို​ပေါက်​ပွား​စေ​ရန် ထို​မိန်း​မ​ကို​ယူ​ရ​မည်​ဟု မော​ရှေ​က အ​ကျွန်ုပ်​တို့​အ​တွက် စီ​ရင်​ရေး​ထား​ခဲ့​ပါ​သည်။

20. ညီ​အစ်​ကို​ခု​နစ်​ဦး​ရှိ​ခဲ့​ရာ အစ်​ကို​အ​ကြီး​ဆုံး​သည် မိန်း​မ​ယူ​ပြီး မျိုး​ဆက်​မ​ထား​ခဲ့​ဘဲ သေ​ဆုံး​သွား​ပါ​သည်။

21. ထို​အ​ခါ ဒု​တိ​ယ​ညီ​သည် ထို​မိန်း​မ​ကို​ယူ​၍ မျိုး​ဆက်​မ​ထား​ခဲ့​ဘဲ သေ​ဆုံး​သွား​ပြန်​သည်။ တ​တိ​ယ​ညီ​သည်​လည်း ထို​နည်း​တူ​ဖြစ်​ပြီး

22. ခု​နစ်​ဦး​စ​လုံး​သည်​မျိုး​ဆက်​မ​ထား​ခဲ့​ဘဲ သေ​ဆုံး​ကြ​သည်။ နောက်​ဆုံး​တွင် ထို​မိန်း​မ​သည်​လည်း သေ​ဆုံး​သွား​ပါ​သည်။

23. ရှင်​ပြန်​ထ​မြောက်​ရာ​ကာ​လ​၌ သူ​တို့​ထ​မြောက်​ကြ​သော​အ​ခါ ထို​မိန်း​မ​သည် မည်​သူ​၏​မ​ယား​ဖြစ်​ပါ​မည်​နည်း။ အ​ကြောင်း​မူ​ကား ခု​နစ်​ဦး​စ​လုံး ထို​မိန်း​မ​ကို မ​ယား​အ​ဖြစ် ပေါင်း​ဖက်​ခဲ့​ကြ​ပါ​သည်”​ဟု မေး​လျှောက်​ကြ​၏။

24. ယေ​ရှု​က​လည်း “သင်​တို့​သည် ကျမ်း​စာ​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​ကို​လည်း​ကောင်း မ​သိ​သော​ကြောင့် ဤ​သို့​အ​ယူ​လွဲ​နေ​ကြ​သည်​မ​ဟုတ်​လော။

25. အ​ကြောင်း​မူ​ကား လူ​တို့​သည် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​ကြ​သော​အ​ခါ ထိမ်း​မြား​စုံ​ဖက်​ခြင်း​ကို​မ​ပြု၊ ပေး​စား​ဆောင်​နှင်း​ခြင်း​လည်း​မ​ရှိ​ဘဲ ကောင်း​ကင်​ဘုံ​၌​ရှိ​သော ကောင်း​ကင်​တ​မန်​များ​ကဲ့​သို့​ဖြစ်​ကြ​၏။

26. သေ​သော​သူ​တို့​၏​ထ​မြောက်​ခြင်း​နှင့်​ပတ်​သက်​၍ မော​ရှေ​၏​ကျမ်း​၌ ချုံ​ပုတ်​အ​ကြောင်း​ရေး​ထား​သော​အ​ခန်း​တွင် ဘု​ရား​သ​ခင်​က ‘ငါ​သည် အာ​ဗြ​ဟံ​၏​ဘု​ရား၊ ဣ​ဇက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား​ဖြစ်​၏’​ဟု မော​ရှေ​အား မိန့်​တော်​မူ​ခဲ့​သည်​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ​သ​လော။

27. ဘု​ရား​သ​ခင်​သည် သေ​သော​သူ​တို့​၏​ဘု​ရား​မ​ဟုတ်​ဘဲ အ​သက်​ရှင်​သော​သူ​တို့​၏​ဘု​ရား​ဖြစ်​၏။ သင်​တို့​သည် လွန်​စွာ​အ​ယူ​လွဲ​ကြ​ပြီ”​ဟု မိန့်​တော်​မူ​၏။

28. ထို​အ​ခါ ကျမ်း​ပြု​ဆ​ရာ​တစ်​ဦး​သည် ချဉ်း​ကပ်​လာ​၍ သူ​တို့​ငြင်း​ခုံ​ပြော​ဆို​နေ​ကြ​သည်​ကို​ကြား​ပြီး ကိုယ်​တော်​သည် သူ​တို့​အား လျောက်​ပတ်​စွာ​ဖြေ​ကြား​တော်​မူ​သည်​ကို​မြင်​လျှင် “ပ​ညတ်​ချက်​အား​လုံး​တွင် မည်​သည့်​ပ​ညတ်​ချက်​သည် ပ​ထ​မ​ဖြစ်​သ​နည်း”​ဟု မေး​လျှောက်​လေ​၏။

29. ယေ​ရှု​က “ပ​ထ​မ​ပ​ညတ်​ချက်​မှာ ‘အို အစ္စ​ရေး​အ​မျိုး၊ နား​ထောင်​လော့။ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ဆူ​တည်း​သော​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။

30. သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို သင်​၏​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့၊ သင်​၏​စိတ်​ဝိ​ညာဉ်​တစ်​ခု​လုံး၊ သင်​၏​အ​သိ​ဉာဏ်​ရှိ​သ​မျှ​နှင့် သင်​၏​အ​စွမ်း​သတ္တိ​ရှိ​သ​မျှ​တို့​ဖြင့် ချစ်​ရ​မည်’​ဟူ​၍ ဖြစ်​၏။

31. ဒု​တိ​ယ​ပ​ညတ်​ချက်​မှာ ‘ကိုယ့်​ဝန်း​ကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်’​ဟူ​၍ ဖြစ်​၏။ ဤ​ပ​ညတ်​ချက်​နှစ်​ပါး​ထက်​ကြီး​မြတ်​သော အ​ခြား​ပ​ညတ်​မ​ရှိ”​ဟု ဖြေ​ကြား​တော်​မူ​၏။

32. ထို​ကျမ်း​ပြု​ဆ​ရာ​က​လည်း “မှန်​ပါ​၏​ဆ​ရာ။ ဘု​ရား​သ​ခင်​သည် တစ်​ဆူ​တည်း​ရှိ​၍ ထို​ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ခြား​ဘု​ရား​မ​ရှိ​ဟု ဆ​ရာ​ပြော​သည်​မှာ ဟုတ်​မှန်​ပါ​၏။

33. ဘု​ရား​သ​ခင်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့၊ ဉာဏ်​စွမ်း​ရှိ​သ​မျှ၊ အ​စွမ်း​သတ္တိ​ရှိ​သ​မျှ​တို့​ဖြင့်​ချစ်​၍​ဝန်း​ကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​ခြင်း​သည်​လည်း မီး​ရှို့​ရာ​ယဇ်​နှင့် ယဇ်​ပူ​ဇော်​ခြင်း​အ​ပေါင်း​တို့​ထက် သာ​၍​မြတ်​ပါ​၏”​ဟု လျှောက်​လေ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 12