ရှင်​မာ​ကု​ခ​ရစ်​ဝင် 11:8-15 Myanmar Standard Bible (MSB)

8. များ​စွာ​သော​လူ​တို့​သည်​လည်း မိ​မိ​တို့​၏​ဝတ်​ရုံ​များ​ကို လမ်း​ပေါ်​၌​ခင်း​ကြ​၏။ အ​ချို့​တို့​မူ​ကား ကွင်း​ပြင်​မှ​သစ်​ခက်​သစ်​ရွက်​များ​ကို​ခုတ်​လာ​၍ ခင်း​ကြ​၏။

9. ရှေ့​မှ​သွား​သော​သူ​တို့​နှင့် နောက်​မှ​လိုက်​သော​သူ​တို့​က “ဟော​ရှဏ္ဏ၊ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​၌ ကြွ​လာ​တော်​မူ​သော​အ​ရှင်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။

10. ပေါ်​ထွန်း​တော့​မည့် ငါ​တို့​အ​ဖ​ဒါ​ဝိဒ်​၏​နိုင်​ငံ​တော်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ အ​မြင့်​ဆုံး​သော​အ​ရပ်​၌ ဟော​ရှဏ္ဏ​ဖြစ်​စေ​သ​တည်း”​ဟု ကြွေး​ကြော်​ကြ​၏။

11. ဤ​သို့​ဖြင့် ကိုယ်​တော်​သည် ဂျေ​ရု​ဆ​လင်​မြို့​ထဲ​သို့​ဝင်​၍ ဗိ​မာန်​တော်​သို့​ကြွ​တော်​မူ​၏။ အ​ရာ​ရာ​တို့​ကို လှည့်​လည်​ကြည့်​ရှု​တော်​မူ​ပြီး​လျှင် ည​နေ​ချမ်း​အ​ချိန်​ရောက်​ပြီ​ဖြစ်​၍ တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​နှင့်​အ​တူ ဗေ​သ​နိ​ရွာ​သို့​ကြွ​တော်​မူ​၏။

12. နောက်​တစ်​နေ့​၌ ဗေ​သ​နိ​ရွာ​မှ သူ​တို့​ထွက်​ခွာ​ကြ​သော​အ​ခါ ကိုယ်​တော်​သည် ဆာ​လောင်​တော်​မူ​၏။

13. ထို​စဉ် အ​ရွက်​များ​ဝေ​ဆာ​နေ​သော သ​ဖန်း​ပင်​တစ်​ပင်​ကို အ​ဝေး​မှ​မြင်​၍ ထို​အ​ပင်​၌ တစ်​စုံ​တစ်​ခု​တွေ့​လို​တွေ့​ငြား အ​ပင်​ရှိ​ရာ​သို့​ကြွ​တော်​မူ​၏။ သို့​သော် ရောက်​တော်​မူ​သော​အ​ခါ သ​ဖန်း​သီး​ပေါ်​ချိန်​မ​ဟုတ်​သော​ကြောင့် ၎င်း​တွင် အ​ရွက်​များ​မှ​လွဲ​၍ မည်​သည့်​အ​ရာ​ကို​မျှ​တွေ့​တော်​မ​မူ​ချေ။

14. ထို​အ​ခါ ထို​အ​ပင်​အား “သင့်​ထံ​မှ​အ​သီး​ကို ယ​ခု​မှ​စ​၍ ကာ​လ​အ​စဉ်​အ​ဆက် မည်​သူ​မျှ မ​စား​ရ​ပါ​စေ​နှင့်”​ဟု မိန့်​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​လည်း​ကြား​ကြ​၏။

15. သူ​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့​ရောက်​ကြ​သော​အ​ခါ ကိုယ်​တော်​သည် ဗိ​မာန်​တော်​ထဲ​သို့​ဝင်​၍ ဗိ​မာန်​တော်​၌ ရောင်း​ဝယ်​နေ​သော​သူ​တို့​ကို​နှင်​ထုတ်​ကာ ငွေ​ကြေး​လဲ​လှယ်​သူ​တို့​၏​စား​ပွဲ​များ​နှင့် ချိုး​ငှက်​ရောင်း​သူ​တို့​၏​ထိုင်​ခုံ​များ​ကို မှောက်​လှန်​တော်​မူ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 11