6. သူတို့ကလည်း ယေရှုမိန့်မှာတော်မူသည့်အတိုင်း ပြန်ပြောကြရာ ထိုသူတို့သည်ခွင့်ပြုကြ၏။
7. ထို့နောက် မြည်းကလေးကို ယေရှုထံသို့ခေါ်ဆောင်လာပြီးလျှင် ၎င်းအပေါ်၌ သူတို့၏အဝတ်များကိုခင်းကြရာ ကိုယ်တော်သည် ထိုမြည်းကိုစီးတော်မူ၏။
8. များစွာသောလူတို့သည်လည်း မိမိတို့၏ဝတ်ရုံများကို လမ်းပေါ်၌ခင်းကြ၏။ အချို့တို့မူကား ကွင်းပြင်မှသစ်ခက်သစ်ရွက်များကိုခုတ်လာ၍ ခင်းကြ၏။