ရှင်​မာ​ကု​ခ​ရစ်​ဝင် 11:18-32 Myanmar Standard Bible (MSB)

18. ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​သည် ထို​အ​ကြောင်း​ကို​ကြား​သိ​သော​အ​ခါ ကိုယ်​တော်​ကို သတ်​နိုင်​မည့်​နည်း​လမ်း​ကို ရှာ​ကြံ​ကြ​၏။ အ​ကြောင်း​မူ​ကား လူ​ထု​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​၏​သွန်​သင်​ချက်​ကို အံ့​ဩ​ချီး​မွမ်း​ကြ​သော​ကြောင့် သူ​တို့​သည် ကိုယ်​တော်​ကို​ကြောက်​ရွံ့​ကြ​၏။

19. မှောင်​ရီ​ပျိုး​စ​ချိန်​ရောက်​လာ​သော​အ​ခါ ယေ​ရှု​နှင့်​တ​ပည့်​တော်​တို့​သည် မြို့​ပြင်​သို့​ထွက်​သွား​ကြ​၏။

20. နံ​နက်​စော​စော လမ်း​၌​ဖြတ်​သွား​ကြ​စဉ် အ​မြစ်​မှ​စ​၍ ညှိုး​နွမ်း​ခြောက်​သွေ့​နေ​သော​သ​ဖန်း​ပင်​ကို သူ​တို့​မြင်​ကြ​၏။

21. ထို​အ​ခါ ပေ​တ​ရု​သည် သ​တိ​ရ​၍ “ရဗ္ဗိ၊ ကြည့်​ပါ။ ကိုယ်​တော်​ကျိန်​တော်​မူ​သော​သ​ဖန်း​ပင်​သည် ညှိုး​နွမ်း​ခြောက်​သွေ့​ပါ​ပြီ”​ဟု လျှောက်​လေ​၏။

22. ယေ​ရှု​က​လည်း “ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ကြ​လော့။

23. သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား မည်​သူ​မ​ဆို ဤ​တောင်​အား ‘ရွေ့​သွား​၍ ပင်​လယ်​ထဲ​သို့​ကျ​လော့’​ဟု ဆို​လျက် မိ​မိ​စိတ်​နှ​လုံး​ထဲ​၌ သံ​သ​ယ​ကင်း​မဲ့​ကာ မိ​မိ​ဆို​သည့်​အ​တိုင်း​ဖြစ်​မည်​ဟု​ယုံ​ကြည်​လျှင် ထို​သူ​ဆို​သည့်​အ​တိုင်း ဖြစ်​လိမ့်​မည်။

24. ထို့​ကြောင့် သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​ဆု​တောင်း​သော​အ​ခါ တောင်း​လျှောက်​သ​မျှ​သော​အ​ရာ​တို့​ကို ရ​ရှိ​ပြီ​ဟု​ယုံ​ကြည်​ကြ​လော့။ ထို​အ​ခါ သင်​တို့​အ​တွက် ထို​အ​တိုင်း​ဖြစ်​လိမ့်​မည်။

25. သင်​တို့​သည် မတ်​တတ်​ရပ်​လျက် ဆု​တောင်း​ကြ​သော​အ​ခါ တစ်​ဦး​တစ်​ယောက်​အ​ပေါ် အ​ပြစ်​တင်​စ​ရာ​တစ်​စုံ​တစ်​ခု​ရှိ​လျှင် ခွင့်​လွှတ်​ကြ​လော့။ သို့​ပြု​လျှင် ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဖ​သည်​လည်း သင်​တို့​ကျူး​လွန်​သော​အ​ပြစ်​များ​ကို ခွင့်​လွှတ်​တော်​မူ​မည်။

26. [သို့​သော် သင်​တို့​ခွင့်​မ​လွှတ်​လျှင် ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဖ​သည်​လည်း သင်​တို့​ကျူး​လွန်​သော​အ​ပြစ်​များ​ကို ခွင့်​လွှတ်​တော်​မူ​မည်​မ​ဟုတ်]”​ဟု မိန့်​တော်​မူ​၏။

27. ထို့​နောက် သူ​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့ တစ်​ဖန်​ရောက်​ကြ​၏။ ကိုယ်​တော်​သည် ဗိ​မာန်​တော်​ထဲ​၌ ကြွ​တော်​မူ​စဉ် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ၊ ကျမ်း​ပြု​ဆ​ရာ​များ​နှင့်​သက်​ကြီး​ဝါ​ကြီး​တို့​သည် အ​ထံ​တော်​သို့​လာ​၍

28. “သင်​သည် ဤ​အ​မှု​အ​ရာ​များ​ကို မည်​သည့်​အ​ခွင့်​အာ​ဏာ​နှင့်​ပြု​သ​နည်း။ သို့​မ​ဟုတ် ဤ​သို့​ပြု​နိုင်​သော​အ​ခွင့်​အာ​ဏာ​ကို မည်​သူ​က သင့်​အား​ပေး​သ​နည်း”​ဟု မေး​မြန်း​ကြ​၏။

29. ယေ​ရှု​က​လည်း “ငါ​သည် သင်​တို့​ကို မေး​ခွန်း​တစ်​ခု​မေး​ဦး​မည်။ ငါ့​ကို​ဖြေ​ကြ​လော့။ သို့​ပြု​လျှင် ဤ​အ​ရာ​များ​ကို မည်​သည့်​အ​ခွင့်​အာ​ဏာ​နှင့်​ငါ​ပြု​ကြောင်း သင်​တို့​အား ငါ​ပြော​မည်။

30. ယော​ဟန်​၏​ဗတ္တိ​ဇံ​သည် ကောင်း​ကင်​မှ​ဖြစ်​သ​လော သို့​မ​ဟုတ် လူ​တို့​ထံ​မှ​ဖြစ်​သ​လော။ ငါ့​ကို​ဖြေ​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

31. ထို​အ​ခါ သူ​တို့​သည် အ​ချင်း​ချင်း​ဆွေး​နွေး​ပြော​ဆို​ကြ​ကာ “‘ကောင်း​ကင်​မှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင် သူ​က ‘သို့​ဖြစ်​လျှင် အ​ဘယ်​ကြောင့် ယော​ဟန်​ကို​မ​ယုံ​ကြ​သ​နည်း’​ဟု ပြော​လိမ့်​မည်။

32. ‘လူ​တို့​ထံ​မှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင်​လည်း​မ​ဖြစ်”​ဟု ဆို​ကြ​၏။ လူ​အ​ပေါင်း​တို့​သည် ယော​ဟန်​ကို ပ​ရော​ဖက်​ဖြစ်​သည်​ဟု အ​မှန်​ပင် မှတ်​ယူ​ကြ​သော​ကြောင့် သူ​တို့​သည် လူ​ထု​ပ​ရိ​သတ်​ကို​ကြောက်​ကြ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 11