8. သမ္မာသတိရှိလျက် နိုးကြားစွာစောင့်နေကြလော့။ သင်တို့၏ရန်သူတည်းဟူသောမာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ ဝါးမျိုရမည့်သူကို လှည့်လည်ရှာဖွေလျက်ရှိ၏။
9. ယုံကြည်ခြင်း၌ ခိုင်ခံ့စွာရပ်တည်လျက် ထိုမာရ်နတ်ကို တားဆီးကြလော့။ ကမ္ဘာပေါ်၌ရှိသော သင်တို့၏ညီအစ်ကိုများသည်လည်း ထိုကဲ့သို့သောဒုက္ခဝေဒနာများကို ရင်ဆိုင်ဖြတ်သန်းနေရကြောင်း သိမှတ်ကြလော့။
10. သင်တို့ကို မိမိ၏ထာဝရဘုန်းအသရေတော်ထဲသို့ ခရစ်တော်ယေရှုအားဖြင့် ခေါ်ယူတော်မူသောအရှင်၊ ကျေးဇူးတော်အပေါင်းနှင့်ပြည့်စုံတော်မူသော ဘုရားသခင်ကိုယ်တော်တိုင်သည် ဒုက္ခဝေဒနာကို ခေတ္တခဏခံစားပြီးသောသင်တို့အား စုံလင်စေ၍ ခွန်အားနှင့်ပြည့်စုံစေကာ တည်ကြည်ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။
11. တန်ခိုးအရှိန်အဝါသည် ကိုယ်တော်၌ ကာလအစဉ်အဆက်ရှိတော်မူပါစေသော။ အာမင်။
12. ငါသည် သစ္စာရှိသောညီအစ်ကိုအဖြစ် ငါသတ်မှတ်သော သိလွာနုမှတစ်ဆင့် စာအနည်းငယ်ရေးလိုက်ခြင်းအားဖြင့် သင်တို့ကိုတိုက်တွန်းနှိုးဆော်ကာ ဤအရာသည် ဘုရားသခင်၏စစ်မှန်သောကျေးဇူးတော်ဖြစ်ကြောင်း သက်သေခံ၏။ သင်တို့သည် ဤကျေးဇူးတော်၌ ရပ်တည်ကြလော့။