ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 5:4-12 Myanmar Standard Bible (MSB)

4. သို့​ပြု​လျှင် သိုး​ထိန်း​ကြီး​ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ မှေး​မှိန်​ခြင်း​မ​ရှိ​သော ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သည့်​သ​ရ​ဖူ​ကို သင်​တို့​ရ​ရှိ​ကြ​လိမ့်​မည်။

5. ထို​နည်း​တူ ငယ်​ရွယ်​သော​သူ​တို့၊ သက်​ကြီး​ဝါ​ကြီး​တို့​ကို နာ​ခံ​ကြ​လော့။ သင်​တို့​အား​လုံး တစ်​ယောက်​အောက်​တစ်​ယောက် နှိမ့်​ချ​ခြင်း​တန်​ဆာ​ကို ဆင်​ယင်​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော် ဘု​ရား​သ​ခင်​သည် မာ​န​ထောင်​လွှား​သော​သူ​တို့​ကို ဆန့်​ကျင်​၍ နှိမ့်​ချ​သော​သူ​တို့​အား ကျေး​ဇူး​တော်​ကို​ခံ​စား​စေ​တော်​မူ​၏။

6. ထို့​ကြောင့် အ​ချိန်​တန်​သော​အ​ခါ သင်​တို့​ကို ချီး​မြှောက်​တော်​မူ​မည့်​အ​ကြောင်း ဘု​ရား​သ​ခင်​၏​တန်​ခိုး​ကြီး​သော​လက်​တော်​အောက်​၌ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​ကြ​လော့။

7. ဘု​ရား​သ​ခင်​သည် သင်​တို့​ကို ဂ​ရု​စိုက်​တော်​မူ​သည်​ဖြစ်​၍ သင်​တို့​၏​စိုး​ရိမ်​ပူ​ပန်​ခြင်း​ရှိ​သ​မျှ​တို့​ကို အ​ထံ​တော်​၌ အပ်​နှံ​ကြ​လော့။

8. သမ္မာ​သ​တိ​ရှိ​လျက် နိုး​ကြား​စွာ​စောင့်​နေ​ကြ​လော့။ သင်​တို့​၏​ရန်​သူ​တည်း​ဟူ​သော​မာရ်​နတ်​သည် ဟောက်​သော​ခြင်္သေ့​ကဲ့​သို့ ဝါး​မျို​ရ​မည့်​သူ​ကို လှည့်​လည်​ရှာ​ဖွေ​လျက်​ရှိ​၏။

9. ယုံ​ကြည်​ခြင်း​၌ ခိုင်​ခံ့​စွာ​ရပ်​တည်​လျက် ထို​မာရ်​နတ်​ကို တား​ဆီး​ကြ​လော့။ ကမ္ဘာ​ပေါ်​၌​ရှိ​သော သင်​တို့​၏​ညီ​အစ်​ကို​များ​သည်​လည်း ထို​ကဲ့​သို့​သော​ဒုက္ခ​ဝေ​ဒ​နာ​များ​ကို ရင်​ဆိုင်​ဖြတ်​သန်း​နေ​ရ​ကြောင်း သိ​မှတ်​ကြ​လော့။

10. သင်​တို့​ကို မိ​မိ​၏​ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ​တော်​ထဲ​သို့ ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် ခေါ်​ယူ​တော်​မူ​သော​အ​ရှင်၊ ကျေး​ဇူး​တော်​အ​ပေါင်း​နှင့်​ပြည့်​စုံ​တော်​မူ​သော ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​သည် ဒုက္ခ​ဝေ​ဒ​နာ​ကို ခေတ္တ​ခ​ဏ​ခံ​စား​ပြီး​သော​သင်​တို့​အား စုံ​လင်​စေ​၍ ခွန်​အား​နှင့်​ပြည့်​စုံ​စေ​ကာ တည်​ကြည်​ခိုင်​ခံ့​မြဲ​မြံ​စေ​တော်​မူ​လိမ့်​မည်။

11. တန်​ခိုး​အ​ရှိန်​အ​ဝါ​သည် ကိုယ်​တော်​၌ ကာ​လ​အ​စဉ်​အ​ဆက်​ရှိ​တော်​မူ​ပါ​စေ​သော။ အာ​မင်။

12. ငါ​သည် သစ္စာ​ရှိ​သော​ညီ​အစ်​ကို​အ​ဖြစ် ငါ​သတ်​မှတ်​သော သိ​လွာ​နု​မှ​တစ်​ဆင့် စာ​အ​နည်း​ငယ်​ရေး​လိုက်​ခြင်း​အား​ဖြင့် သင်​တို့​ကို​တိုက်​တွန်း​နှိုး​ဆော်​ကာ ဤ​အ​ရာ​သည် ဘု​ရား​သ​ခင်​၏​စစ်​မှန်​သော​ကျေး​ဇူး​တော်​ဖြစ်​ကြောင်း သက်​သေ​ခံ​၏။ သင်​တို့​သည် ဤ​ကျေး​ဇူး​တော်​၌ ရပ်​တည်​ကြ​လော့။

ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 5