2. သင်တို့၌ရှိသည့် ဘုရားသခင်၏သိုးစုကို အုပ်ထိန်းကြလော့။ မလုပ်မဖြစ်လုပ်ရခြင်းမျိုးမဟုတ်ဘဲ ဘုရားသခင်၏အလိုတော်နှင့်အညီ စေတနာစိတ်ဖြင့်လည်းကောင်း၊ မစင်ကြယ်သောအကျိုးစီးပွားကိုတပ်မက်ခြင်းကြောင့်မဟုတ်ဘဲ စိတ်အားထက်သန်စွာဖြင့်လည်းကောင်း ကြည့်ရှုအုပ်ထိန်းကြလော့။
3. သင်တို့အားခွဲဝေပေးအပ်ထားသောသူတို့အပေါ် စိုးမိုးခြယ်လှယ်ခြင်းမပြုဘဲ သိုးစုအတွက် စံနမူနာဖြစ်ကြလော့။
4. သို့ပြုလျှင် သိုးထိန်းကြီးပေါ်ထွန်းတော်မူသောအခါ မှေးမှိန်ခြင်းမရှိသော ဘုန်းအသရေနှင့်ပြည့်စုံသည့်သရဖူကို သင်တို့ရရှိကြလိမ့်မည်။
5. ထိုနည်းတူ ငယ်ရွယ်သောသူတို့၊ သက်ကြီးဝါကြီးတို့ကို နာခံကြလော့။ သင်တို့အားလုံး တစ်ယောက်အောက်တစ်ယောက် နှိမ့်ချခြင်းတန်ဆာကို ဆင်ယင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မာနထောင်လွှားသောသူတို့ကို ဆန့်ကျင်၍ နှိမ့်ချသောသူတို့အား ကျေးဇူးတော်ကိုခံစားစေတော်မူ၏။
6. ထို့ကြောင့် အချိန်တန်သောအခါ သင်တို့ကို ချီးမြှောက်တော်မူမည့်အကြောင်း ဘုရားသခင်၏တန်ခိုးကြီးသောလက်တော်အောက်၌ မိမိကိုယ်ကိုနှိမ့်ချကြလော့။
7. ဘုရားသခင်သည် သင်တို့ကို ဂရုစိုက်တော်မူသည်ဖြစ်၍ သင်တို့၏စိုးရိမ်ပူပန်ခြင်းရှိသမျှတို့ကို အထံတော်၌ အပ်နှံကြလော့။
8. သမ္မာသတိရှိလျက် နိုးကြားစွာစောင့်နေကြလော့။ သင်တို့၏ရန်သူတည်းဟူသောမာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ ဝါးမျိုရမည့်သူကို လှည့်လည်ရှာဖွေလျက်ရှိ၏။