11. တန်ခိုးအရှိန်အဝါသည် ကိုယ်တော်၌ ကာလအစဉ်အဆက်ရှိတော်မူပါစေသော။ အာမင်။
12. ငါသည် သစ္စာရှိသောညီအစ်ကိုအဖြစ် ငါသတ်မှတ်သော သိလွာနုမှတစ်ဆင့် စာအနည်းငယ်ရေးလိုက်ခြင်းအားဖြင့် သင်တို့ကိုတိုက်တွန်းနှိုးဆော်ကာ ဤအရာသည် ဘုရားသခင်၏စစ်မှန်သောကျေးဇူးတော်ဖြစ်ကြောင်း သက်သေခံ၏။ သင်တို့သည် ဤကျေးဇူးတော်၌ ရပ်တည်ကြလော့။
13. သင်တို့နည်းတူ ရွေးချယ်တော်မူခြင်းခံရသော ဘေဘီလုံမြို့ရှိအသင်းတော်နှင့် ငါ့သားမာကုတို့သည် သင်တို့ကိုနှုတ်ဆက်လိုက်ပါ၏။
14. အချင်းချင်းမေတ္တာအနမ်းဖြင့် နှုတ်ဆက်ကြလော့။ ခရစ်တော်၌ရှိကြသော သင်တို့အားလုံး၌ ငြိမ်သက်ခြင်းရှိပါစေသော။