ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 5:1-6 Myanmar Standard Bible (MSB)

1. သို့​ဖြစ်​၍ လုပ်​ဖော်​ဆောင်​ဖက်​အ​ကြီး​အ​ကဲ​ဖြစ်​ပြီး ခ​ရစ်​တော်​၏​ဒုက္ခ​ဝေ​ဒ​နာ​များ​ကို​သက်​သေ​ခံ​သူ​နှင့် ထင်​ရှား​လာ​တော့​မည့် ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ကို မျှ​ဝေ​ခံ​စား​သူ​ဖြစ်​သော​ငါ​သည် သင်​တို့​ထဲ​မှ​အ​ကြီး​အ​ကဲ​များ​ကို တိုက်​တွန်း​နှိုး​ဆော်​ပါ​၏။

2. သင်​တို့​၌​ရှိ​သည့် ဘု​ရား​သ​ခင်​၏​သိုး​စု​ကို အုပ်​ထိန်း​ကြ​လော့။ မ​လုပ်​မ​ဖြစ်​လုပ်​ရ​ခြင်း​မျိုး​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ စေ​တ​နာ​စိတ်​ဖြင့်​လည်း​ကောင်း၊ မ​စင်​ကြယ်​သော​အ​ကျိုး​စီး​ပွား​ကို​တပ်​မက်​ခြင်း​ကြောင့်​မ​ဟုတ်​ဘဲ စိတ်​အား​ထက်​သန်​စွာ​ဖြင့်​လည်း​ကောင်း ကြည့်​ရှု​အုပ်​ထိန်း​ကြ​လော့။

3. သင်​တို့​အား​ခွဲ​ဝေ​ပေး​အပ်​ထား​သော​သူ​တို့​အ​ပေါ် စိုး​မိုး​ခြယ်​လှယ်​ခြင်း​မ​ပြု​ဘဲ သိုး​စု​အ​တွက် စံ​န​မူ​နာ​ဖြစ်​ကြ​လော့။

4. သို့​ပြု​လျှင် သိုး​ထိန်း​ကြီး​ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ မှေး​မှိန်​ခြင်း​မ​ရှိ​သော ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သည့်​သ​ရ​ဖူ​ကို သင်​တို့​ရ​ရှိ​ကြ​လိမ့်​မည်။

5. ထို​နည်း​တူ ငယ်​ရွယ်​သော​သူ​တို့၊ သက်​ကြီး​ဝါ​ကြီး​တို့​ကို နာ​ခံ​ကြ​လော့။ သင်​တို့​အား​လုံး တစ်​ယောက်​အောက်​တစ်​ယောက် နှိမ့်​ချ​ခြင်း​တန်​ဆာ​ကို ဆင်​ယင်​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော် ဘု​ရား​သ​ခင်​သည် မာ​န​ထောင်​လွှား​သော​သူ​တို့​ကို ဆန့်​ကျင်​၍ နှိမ့်​ချ​သော​သူ​တို့​အား ကျေး​ဇူး​တော်​ကို​ခံ​စား​စေ​တော်​မူ​၏။

6. ထို့​ကြောင့် အ​ချိန်​တန်​သော​အ​ခါ သင်​တို့​ကို ချီး​မြှောက်​တော်​မူ​မည့်​အ​ကြောင်း ဘု​ရား​သ​ခင်​၏​တန်​ခိုး​ကြီး​သော​လက်​တော်​အောက်​၌ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​ကြ​လော့။

ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 5