ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 4:5-19 Myanmar Standard Bible (MSB)

5. သူ​တို့​သည် အ​သက်​ရှင်​သော​သူ​တို့​နှင့်​သေ​သော​သူ​တို့​ကို တ​ရား​စီ​ရင်​ရန် အ​သင့်​ရှိ​တော်​မူ​သော​အ​ရှင်​ထံ​၌ ဖြေ​ရှင်း​ချက်​ပေး​ရ​ကြ​လိမ့်​မည်။

6. ဤ​အ​ကြောင်း​ကြောင့် သေ​သော​သူ​တို့​ကို​လည်း ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​လေ​၏။ ဤ​သည်​ကား သူ​တို့​သည် သွေး​သား​၌ လူ​သား​အ​နေ​ဖြင့် တ​ရား​စီ​ရင်​ခြင်း​ကို​ခံ​ရ​သော်​လည်း ဝိ​ညာဉ်​၌​မူ​ကား ဘု​ရား​သ​ခင်​အား​ဖြင့် အ​သက်​ရှင်​ကြ​ရန်​ဖြစ်​၏။

7. ခပ်​သိမ်း​သော​အ​ရာ​တို့​၏​နောက်​ဆုံး​ချိန် နီး​ကပ်​လာ​ပြီ​ဖြစ်​၍ ဆု​တောင်း​ခြင်း​အ​မှု​ကို​ပြု​နိုင်​ရန် တည်​ငြိမ်​မှန်​ကန်​သော​စိတ်​နှင့် သမ္မာ​သ​တိ​ရှိ​ကြ​လော့။

8. ချစ်​ခြင်း​မေတ္တာ​သည် များ​စွာ​သော​အ​ပြစ်​တို့​ကို ဖုံး​အုပ်​တတ်​သည်​ဖြစ်​၍ ခပ်​သိမ်း​သော​အ​ရာ​တို့​ထက် အ​ချင်း​ချင်း​ကြား​၌ ခိုင်​မြဲ​သော​ချစ်​ခြင်း​မေတ္တာ​ရှိ​ကြ​လော့။

9. ညည်း​ညူ​ခြင်း​မ​ရှိ​ဘဲ အ​ချင်း​ချင်း​ဧည့်​ဝတ်​ကျေ​ပွန်​ကြ​လော့။

10. သင်​တို့​တစ်​ဦး​စီ​သည် မိ​မိ​ခံ​စား​ရ​ရှိ​သည့်​ဆု​ကျေး​ဇူး​အ​လျောက် ဘု​ရား​သ​ခင်​၏​အ​မျိုး​မျိုး​သော​ကျေး​ဇူး​တော်​နှင့်​ဆိုင်​သည့် ကောင်း​သော​ဘဏ္ဍာ​စိုး​များ​ကဲ့​သို့ ထို​ဆု​ကျေး​ဇူး​အား​ဖြင့် အ​ချင်း​ချင်း​ကူ​ညီ​ဆောင်​ရွက်​ပေး​ကြ​လော့။

11. ဟော​ပြော​သော​သူ​သည် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​တော်​အ​တိုင်း​ဟော​ပြော​စေ။ အ​မှု​တော်​ဆောင်​ရွက်​သော​သူ​သည် ဘု​ရား​သ​ခင်​ပြင်​ဆင်​ပေး​တော်​မူ​သော​အ​စွမ်း​သတ္တိ​အ​တိုင်း​ဆောင်​ရွက်​စေ။ ဤ​သည်​ကား ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​၌ ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် ဘုန်း​တော်​ထင်​ရှား​မည့်​အ​ကြောင်း​တည်း။ ထို​သ​ခင်​၌ ကမ္ဘာ​အ​ဆက်​ဆက် ဘုန်း​အ​သ​ရေ​နှင့်​တန်​ခိုး​အ​ရှိန်​အ​ဝါ​ရှိ​ပါ​စေ​သော။ အာ​မင်။

12. ချစ်​ရ​သော​သူ​တို့၊ သင်​တို့​ကို စမ်း​သပ်​စစ်​ဆေး​ရန် သင်​တို့​ထံ​ကျ​ရောက်​လာ​သည့်​ဒုက္ခ​မီး​ကို သင်​တို့​၌ ထူး​ဆန်း​သော​အ​ရာ​ဖြစ်​ပျက်​လာ​သ​ကဲ့​သို့ အံ့​ဩ​ခြင်း​မ​ရှိ​ဘဲ

13. ခ​ရစ်​တော်​၏​ဒုက္ခ​ဝေ​ဒ​နာ​များ​၌ ပါ​ဝင်​ရ​သည့်​အ​တွက် ဝမ်း​မြောက်​ကြ​လော့။ ဤ​သည်​ကား ခ​ရစ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ထင်​ရှား​သော​အ​ချိန်​၌ သင်​တို့​သည် ဝမ်း​မြောက်​ရွှင်​မြူး​ကြ​မည့်​အ​ကြောင်း​တည်း။

14. သင်​တို့​သည် ခ​ရစ်​တော်​၏​နာ​မ​ကြောင့် ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ခံ​ရ​လျှင် မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ပေါ်​၌ ကိန်း​ဝပ်​တော်​မူ​၏။

15. သင်​တို့​တွင် လူ​သတ်​သ​မား​အ​ဖြစ်​ဖြစ်​စေ၊ သူ​ခိုး​အ​ဖြစ်​ဖြစ်​စေ၊ ဒု​စ​ရိုက်​ပြု​သူ​အ​ဖြစ်​ဖြစ်​စေ၊ သူ​တစ်​ပါး​အ​မှု​၌ ဝင်​ရောက်​စွက်​ဖက်​သူ​အ​ဖြစ်​ဖြစ်​စေ ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​ရ​မည့်​သူ တစ်​စုံ​တစ်​ဦး​မျှ​မ​ရှိ​စေ​နှင့်။

16. သို့​သော် တစ်​စုံ​တစ်​ဦး​သည် ခ​ရစ်​ယာန်​အ​ဖြစ် ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​ရ​လျှင် ရှက်​ကြောက်​ခြင်း​မ​ရှိ​ဘဲ ထို​အ​မည်​နာ​မ​ကြောင့် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ပါ​စေ။

17. အ​ကြောင်း​မူ​ကား တ​ရား​စီ​ရင်​ခြင်း​ကို ဘု​ရား​သ​ခင်​၏​အိမ်​တော်​မှ အ​စ​ပြု​မည့်​အ​ချိန်​ရောက်​လေ​ပြီ။ ထို​သို့ ငါ​တို့​ထံ​မှ အ​စ​ပြု​မည်​ဆို​လျှင် ဘု​ရား​သ​ခင်​၏​ကောင်း​မြတ်​သော​သ​တင်း​ကို မ​နာ​ခံ​သော​သူ​တို့​၏​နိ​ဂုံး​သည် မည်​သို့​ဖြစ်​မည်​နည်း။

18. ထို့​အ​တူ ဖြောင့်​မတ်​သော​သူ​ပင် ခဲ​ယဉ်း​စွာ ကယ်​တင်​ခြင်း​ခံ​ရ​သည်​ဆို​လျှင် ဘု​ရား​တ​ရား​မဲ့​သော​သူ​နှင့်​အ​ပြစ်​သား​တို့​သည် မည်​သို့​ဖြစ်​သွား​မည်​နည်း။

19. ထို့​ကြောင့် ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​ရ ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​ရ​သော​သူ​တို့​သည် ကောင်း​သော​အ​မှု​ကို​ပြု​ရာ​၌ မိ​မိ​တို့​၏​စိတ်​ဝိ​ညာဉ်​ကို သစ္စာ​နှင့်​ပြည့်​စုံ​သော​ဖန်​ဆင်း​ရှင်​ထံ​သို့ အပ်​နှံ​ထား​ကြ​စေ။

ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 4