ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 4:1-9 Myanmar Standard Bible (MSB)

1. ခ​ရစ်​တော်​သည် ကိုယ်​ကာ​ယ​၌ ထို​သို့ ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​ရ​သည်​ဖြစ်​၍ သင်​တို့​သည်​လည်း ထို​သို့​သော​သ​ဘော​ထား​မျိုး​ကို လက်​နက်​အ​ဖြစ် စွဲ​ကိုင်​ထား​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော် ကိုယ်​ကာ​ယ​တွင် ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​ရ​သော​သူ​သည် အ​ပြစ်​နှင့်​ပြတ်​စဲ​ပြီ​ဖြစ်​၏။

2. ဤ​သည်​ကား ကိုယ်​ကာ​ယ​၌​အ​သက်​ရှင်​ရ​မည့် ကျန်​ရှိ​သေး​သော​အ​ချိန်​ကာ​လ​ကို လူ​တို့​၏​တပ်​မက်​ခြင်း​အား​ဖြင့် မ​ဟုတ်​တော့​ဘဲ ဘု​ရား​သ​ခင်​၏​အ​လို​တော်​အား​ဖြင့် အ​သက်​ရှင်​နိုင်​ရန်​ဖြစ်​၏။

3. အ​ကြောင်း​မူ​ကား လူ​မျိုး​ခြား​တို့​၏​ဆန္ဒ​အ​တိုင်း​ပြု​လျက် ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း၊ တပ်​မက်​ခြင်း၊ မူး​ယစ်​ခြင်း၊ အ​ပျော်​ကြူး​ခြင်း၊ သောက်​စား​မြူး​ထူး​ခြင်း​နှင့် ပ​ညတ်​တ​ရား​က​တား​မြစ်​ထား​သော ရုပ်​တု​ကိုး​ကွယ်​ခြင်း​တို့​တွင် ကျင်​လည်​ခဲ့​သည့် လွန်​ခဲ့​သော​အ​ချိန်​သည် သင်​တို့​အ​တွက် တော်​လောက်​ပေ​၏။

4. ယ​ခု​မှာ သင်​တို့​သည် ထို​ကဲ့​သို့​သော​လွန်​ကဲ​သည့်​အ​ပျော်​ကြူး​ခြင်း​၌ သူ​တို့​နှင့်​အ​တူ​မ​ပါ​ဝင်​ကြ​သော​ကြောင့် သူ​တို့​သည် အံ့​ဩ​လျက် စော်​ကား​ပြော​ဆို​ကြ​၏။

5. သူ​တို့​သည် အ​သက်​ရှင်​သော​သူ​တို့​နှင့်​သေ​သော​သူ​တို့​ကို တ​ရား​စီ​ရင်​ရန် အ​သင့်​ရှိ​တော်​မူ​သော​အ​ရှင်​ထံ​၌ ဖြေ​ရှင်း​ချက်​ပေး​ရ​ကြ​လိမ့်​မည်။

6. ဤ​အ​ကြောင်း​ကြောင့် သေ​သော​သူ​တို့​ကို​လည်း ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​လေ​၏။ ဤ​သည်​ကား သူ​တို့​သည် သွေး​သား​၌ လူ​သား​အ​နေ​ဖြင့် တ​ရား​စီ​ရင်​ခြင်း​ကို​ခံ​ရ​သော်​လည်း ဝိ​ညာဉ်​၌​မူ​ကား ဘု​ရား​သ​ခင်​အား​ဖြင့် အ​သက်​ရှင်​ကြ​ရန်​ဖြစ်​၏။

7. ခပ်​သိမ်း​သော​အ​ရာ​တို့​၏​နောက်​ဆုံး​ချိန် နီး​ကပ်​လာ​ပြီ​ဖြစ်​၍ ဆု​တောင်း​ခြင်း​အ​မှု​ကို​ပြု​နိုင်​ရန် တည်​ငြိမ်​မှန်​ကန်​သော​စိတ်​နှင့် သမ္မာ​သ​တိ​ရှိ​ကြ​လော့။

8. ချစ်​ခြင်း​မေတ္တာ​သည် များ​စွာ​သော​အ​ပြစ်​တို့​ကို ဖုံး​အုပ်​တတ်​သည်​ဖြစ်​၍ ခပ်​သိမ်း​သော​အ​ရာ​တို့​ထက် အ​ချင်း​ချင်း​ကြား​၌ ခိုင်​မြဲ​သော​ချစ်​ခြင်း​မေတ္တာ​ရှိ​ကြ​လော့။

9. ညည်း​ညူ​ခြင်း​မ​ရှိ​ဘဲ အ​ချင်း​ချင်း​ဧည့်​ဝတ်​ကျေ​ပွန်​ကြ​လော့။

ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 4