1. ခရစ်တော်သည် ကိုယ်ကာယ၌ ထိုသို့ ဒုက္ခဝေဒနာခံစားရသည်ဖြစ်၍ သင်တို့သည်လည်း ထိုသို့သောသဘောထားမျိုးကို လက်နက်အဖြစ် စွဲကိုင်ထားကြလော့။ အဘယ်ကြောင့်ဆိုသော် ကိုယ်ကာယတွင် ဒုက္ခဝေဒနာခံစားရသောသူသည် အပြစ်နှင့်ပြတ်စဲပြီဖြစ်၏။
2. ဤသည်ကား ကိုယ်ကာယ၌အသက်ရှင်ရမည့် ကျန်ရှိသေးသောအချိန်ကာလကို လူတို့၏တပ်မက်ခြင်းအားဖြင့် မဟုတ်တော့ဘဲ ဘုရားသခင်၏အလိုတော်အားဖြင့် အသက်ရှင်နိုင်ရန်ဖြစ်၏။
3. အကြောင်းမူကား လူမျိုးခြားတို့၏ဆန္ဒအတိုင်းပြုလျက် ကာမဂုဏ်လိုက်စားခြင်း၊ တပ်မက်ခြင်း၊ မူးယစ်ခြင်း၊ အပျော်ကြူးခြင်း၊ သောက်စားမြူးထူးခြင်းနှင့် ပညတ်တရားကတားမြစ်ထားသော ရုပ်တုကိုးကွယ်ခြင်းတို့တွင် ကျင်လည်ခဲ့သည့် လွန်ခဲ့သောအချိန်သည် သင်တို့အတွက် တော်လောက်ပေ၏။