ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 3:4-13 Myanmar Standard Bible (MSB)

4. နူး​ညံ့​သိမ်​မွေ့​၍ တည်​ငြိမ်​သည့်​စိတ်​သ​ဘော​တည်း​ဟူ​သော ယို​ယွင်း​ပျက်​စီး​ခြင်း​နှင့်​ကင်း​သည့် စိတ်​နှ​လုံး​နှင့်​ဆိုင်​သော အ​တွင်း​ဝိ​ညာဉ်​လူ​၏​တန်​ဆာ​ဆင်​ခြင်း​ဖြစ်​စေ​ကြ​လော့။ ဤ​သည်​ကား ဘု​ရား​သ​ခင်​ရှေ့​တော်​၌ အ​လွန်​အ​ဖိုး​ထိုက်​သော​အ​ရာ​ဖြစ်​၏။

5. ဘု​ရား​သ​ခင်​ကို​မျှော်​လင့်​အား​ထား​သော သန့်​ရှင်း​သည့် ရှေး​ကာ​လ​မှ​အ​မျိုး​သ​မီး​တို့​သည်​လည်း ထို​နည်း​တူ မိ​မိ​တို့​ကိုယ်​ကို တန်​ဆာ​ဆင်​ကြ​ကာ စာ​ရာ​သည် အာ​ဗြ​ဟံ​ကို သ​ခင်​ဟု​ခေါ်​လျက် နာ​ခံ​သ​ကဲ့​သို့ မိ​မိ​တို့​၏​ခင်​ပွန်း​သည်​များ​ကို နာ​ခံ​ခဲ့​ကြ​၏။

6. သင်​တို့​သည်​လည်း မည်​သည့်​ခြောက်​လှန့်​မှု​ကို​မျှ​မ​ကြောက်​ရွံ့​ဘဲ ကောင်း​သော​အ​မှု​ကို​ပြု​လျှင် စာ​ရာ​၏​သား​သ​မီး​များ​ဖြစ်​ကြ​၏။

7. ထို​နည်း​တူ ခင်​ပွန်း​သည်​တို့၊ ဇ​နီး​သည်​သည် မိန်း​မ​သား​ဖြစ်​ပြီး မိ​မိ​တို့​ထက် အား​နည်း​သော​သူ​ဖြစ်​ကြောင်း သိ​ရှိ​နား​လည်​၍ အ​သက်​နှင့်​ဆိုင်​သော​ကျေး​ဇူး​တော်​ကို အ​တူ​တ​ကွ​အ​မွေ​ဆက်​ခံ​သူ​အ​ဖြစ် တန်​ဖိုး​ထား​လျက် အ​တူ​တ​ကွ​ပေါင်း​သင်း​နေ​ထိုင်​ကြ​လော့။ ဤ​သည်​ကား သင်​တို့​၏​ဆု​တောင်း​ချက်​များ တား​ဆီး​ခြင်း​မ​ခံ​ရ​မည့်​အ​ကြောင်း​တည်း။

8. နောက်​ဆုံး​အ​နေ​ဖြင့်​ဆို​ရ​လျှင် သင်​တို့​အား​လုံး တစ်​စိတ်​တစ်​သ​ဘော​တည်း​ရှိ​လျက် ကြင်​နာ​တတ်​သော​သ​ဘော၊ ညီ​အစ်​ကို​ချင်း​ချစ်​တတ်​သော​သ​ဘော၊ သ​နား​စုံ​မက်​တတ်​သော​သ​ဘော​နှင့် စိတ်​နှိမ့်​ချ​သော​သ​ဘော​ရှိ​ကြ​လော့။

9. သင်​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို အ​မွေ​ဆက်​ခံ​ရ​မည့်​အ​ကြောင်း ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​သည်​ဖြစ်​၍ အ​ဆိုး​ကို အ​ဆိုး​ဖြင့်​လည်း​ကောင်း၊ ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ဖြင့်​လည်း​ကောင်း မ​တုံ့​ပြန်​ဘဲ ကောင်း​ချီး​ကို​သာ​ပေး​ကြ​လော့။

10. အ​ကြောင်း​မူ​ကား အ​သက်​ရှင်​ခြင်း​ကို​နှစ်​သက်​၍ ကောင်း​သော​နေ့​ရက်​တို့​ကို တွေ့​မြင်​လို​သော​သူ​သည် မိ​မိ​လျှာ​ကို​ချုပ်​တည်း​၍ မ​ကောင်း​သော​စ​ကား​နှင့်​ကင်း​လွတ်​စေ။ မိ​မိ​နှုတ်​ကို​လည်း​ချုပ်​တည်း​၍ မု​သား​မ​ပြော​မိ​စေ​နှင့်။

11. မ​ကောင်း​သော​အ​မှု​ကို​ရှောင်​ရှား​လျက် ကောင်း​သော​အ​မှု​ကို​ပြု​စေ။ ငြိမ်​သက်​ခြင်း​ကို​ရှာ​၍ ၎င်း​ကို​ရ​ရှိ​ရန်​ကြိုး​စား​စေ။

12. အ​ဘယ်​ကြောင့်​ဆို​သော် ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို​ကြည့်​ရှု​တော်​မူ​၍ သူ​တို့​၏​ဆု​တောင်း​သံ​ကို​နား​ညောင်း​တော်​မူ​၏။ သို့​သော် မ​ကောင်း​သော​အ​မှု​ကို​ပြု​သော​သူ​တို့​ထံ​မှ ထာ​ဝ​ရ​ဘု​ရား​သည် မျက်​နှာ​လွှဲ​တော်​မူ​၏။

13. သင်​တို့​သည် ကောင်း​သော​အ​မှု​၌ စိတ်​အား​ထက်​သန်​လျှင် မည်​သူ​သည် သင်​တို့​ကို အန္တ​ရာယ်​ပြု​မည်​နည်း။

ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 3