ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 3:1-2-6 Myanmar Standard Bible (MSB)

1-2. ထို​နည်း​တူ ဇ​နီး​သည်​တို့၊ မိ​မိ​တို့​၏​ခင်​ပွန်း​သည်​ကို နာ​ခံ​ကြ​လော့။ သို့​ပြု​လျှင် အ​ချို့​သော​ခင်​ပွန်း​သည်​တို့​သည် နှုတ်​က​ပတ်​တ​ရား​ကို​မ​ယုံ​ကြည်​ကြ​လျှင်​ပင် သင်​တို့​၏​ကြောက်​ရွံ့​ရို​သေ​မှု​နှင့် သန့်​ရှင်း​စင်​ကြယ်​သော​အ​သက်​ရှင်​နေ​ထိုင်​မှု​ကို​မြင်​လျက် ဇ​နီး​သည်​၏​စ​ကား​အား​ဖြင့်​မ​ဟုတ်​ဘဲ အ​သက်​ရှင်​နေ​ထိုင်​မှု​အား​ဖြင့် ပြောင်း​လဲ​လာ​ကြ​လိမ့်​မည်။

3. သင်​တို့​၏​တန်​ဆာ​ဆင်​ခြင်း​သည် ဆံ​ပင်​ကျစ်​ခြင်း၊ ရွှေ​တန်​ဆာ​ဆင်​မြန်း​ခြင်း၊ အ​ဝတ်​အ​စား​များ​ဖြင့်​ဆင်​ယင်​ခြင်း​တည်း​ဟူ​သော အ​ပြင်​ပန်း​တန်​ဆာ​ဆင်​ခြင်း​မ​ဖြစ်​စေ​ဘဲ

4. နူး​ညံ့​သိမ်​မွေ့​၍ တည်​ငြိမ်​သည့်​စိတ်​သ​ဘော​တည်း​ဟူ​သော ယို​ယွင်း​ပျက်​စီး​ခြင်း​နှင့်​ကင်း​သည့် စိတ်​နှ​လုံး​နှင့်​ဆိုင်​သော အ​တွင်း​ဝိ​ညာဉ်​လူ​၏​တန်​ဆာ​ဆင်​ခြင်း​ဖြစ်​စေ​ကြ​လော့။ ဤ​သည်​ကား ဘု​ရား​သ​ခင်​ရှေ့​တော်​၌ အ​လွန်​အ​ဖိုး​ထိုက်​သော​အ​ရာ​ဖြစ်​၏။

5. ဘု​ရား​သ​ခင်​ကို​မျှော်​လင့်​အား​ထား​သော သန့်​ရှင်း​သည့် ရှေး​ကာ​လ​မှ​အ​မျိုး​သ​မီး​တို့​သည်​လည်း ထို​နည်း​တူ မိ​မိ​တို့​ကိုယ်​ကို တန်​ဆာ​ဆင်​ကြ​ကာ စာ​ရာ​သည် အာ​ဗြ​ဟံ​ကို သ​ခင်​ဟု​ခေါ်​လျက် နာ​ခံ​သ​ကဲ့​သို့ မိ​မိ​တို့​၏​ခင်​ပွန်း​သည်​များ​ကို နာ​ခံ​ခဲ့​ကြ​၏။

6. သင်​တို့​သည်​လည်း မည်​သည့်​ခြောက်​လှန့်​မှု​ကို​မျှ​မ​ကြောက်​ရွံ့​ဘဲ ကောင်း​သော​အ​မှု​ကို​ပြု​လျှင် စာ​ရာ​၏​သား​သ​မီး​များ​ဖြစ်​ကြ​၏။

ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 3