ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 2:5-17 Myanmar Standard Bible (MSB)

5. သင်​တို့​ကိုယ်​တိုင်​သည်​လည်း အ​သက်​ရှင်​သော​ကျောက်​ကဲ့​သို့ ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​အိမ်​တော်​အ​ဖြစ် တည်​ဆောက်​ခြင်း​ကို​ခံ​ကြ​လော့။ ဤ​သည်​ကား သင်​တို့​သည် သန့်​ရှင်း​သော​ယဇ်​ပု​ရော​ဟိတ်​မျိုး​ဖြစ်​လျက် ဘု​ရား​သ​ခင်​နှစ်​သက်​လက်​ခံ​တော်​မူ​သော ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​ယဇ်​များ​ကို ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် ပူ​ဇော်​နိုင်​ရန် ဖြစ်​၏။

6. အ​ဘယ်​ကြောင့်​ဆို​သော် “ကြည့်​ရှု​လော့။ ရွေး​ကောက်​ထား​သည့် အ​ဖိုး​ထိုက်​သော​ထောင့်​ချုပ်​ကျောက်​ကို ဇိ​အုန်​၌ ငါ​ချ​ထား​၏။ ထို​ကျောက်​ကို ယုံ​ကြည်​သော​သူ​သည် မည်​သည့်​အ​ခါ​မျှ အ​ရှက်​ရ​လိမ့်​မည်​မ​ဟုတ်”​ဟု ကျမ်း​စာ​၌ ဆို​ထား​၏။

7. သို့​ဖြစ်​၍ ထို​ကျောက်​သည် ယုံ​ကြည်​သော​သင်​တို့​အ​တွက် ဂုဏ်​သ​ရေ​ဖြစ်​၏။ မ​ယုံ​ကြည်​သော​သူ​တို့​အ​တွက်​မူ​ကား “တိုက်​ဆောက်​သူ​များ​ပယ်​ထား​သော်​လည်း ထိပ်​ဆုံး​ထောင့်​ချုပ်​ကျောက်​ဖြစ်​လာ​သော​ကျောက်”​ဖြစ်​ပြီး

8. “ခ​လုတ်​တံ​သင်း​ဖြစ်​သော​ကျောက်၊ မှား​ယွင်း​စေ​သော​ကျောက်”​ဖြစ်​၏။ သူ​တို့​သည် နှုတ်​က​ပတ်​တ​ရား​ကို မ​ယုံ​ကြည်​သော​ကြောင့် ခ​လုတ်​တိုက်​ကြ​၏။ ထို​သို့​ဖြစ်​ရန် သူ​တို့​ကို သတ်​မှတ်​ထား​ခြင်း​လည်း​ဖြစ်​၏။

9. သင်​တို့​မူ​ကား ရွေး​ကောက်​ခံ​ရ​သော​အ​မျိုး​အ​နွယ်၊ တော်​ဝင်​ယဇ်​ပု​ရော​ဟိတ်​မျိုး၊ သန့်​ရှင်း​သော​တိုင်း​သူ​ပြည်​သား၊ ပိုင်​ဆိုင်​တော်​မူ​သော​လူ​မျိုး​တော်​ဖြစ်​ကြ​၏။ ဤ​သည်​ကား သင်​တို့​ကို အ​မှောင်​ထဲ​မှ မိ​မိ​၏​အံ့​ဩ​ဖွယ်​အ​လင်း​ထဲ​သို့ ခေါ်​ယူ​တော်​မူ​သော​အ​ရှင်​၏​ကောင်း​မြတ်​တော်​မူ​ခြင်း​များ​ကို သင်​တို့​ဖော်​ပြ​ကြ​မည့်​အ​ကြောင်း​တည်း။

10. သင်​တို့​သည် ယ​ခင်​က လူ​မျိုး​တော်​မ​ဟုတ်​ခဲ့​သော်​လည်း ယ​ခု​အ​ခါ ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​ဖြစ်​ကြ​ပြီ။ ယ​ခင်​က က​ရု​ဏာ​တော်​ကို​မ​ခံ​စား​ခဲ့​ရ​သော်​လည်း ယ​ခု​အ​ခါ က​ရု​ဏာ​တော်​ကို​ခံ​စား​ရ​ကြ​ပြီ။

11. ချစ်​ရ​သော​သူ​တို့၊ သင်​တို့​သည် ဧည့်​သည်​အာ​ဂန္တု​များ​ဖြစ်​ကြ​သ​ဖြင့် စိတ်​ဝိ​ညာဉ်​ကို​ဆန့်​ကျင်​တိုက်​ခိုက်​သော ကိုယ်​ကာ​ယ​တပ်​မက်​ခြင်း​များ​ကို ရှောင်​ကြဉ်​ကြ​ရန် ငါ​တိုက်​တွန်း​နှိုး​ဆော်​ပါ​၏။

12. လူ​မျိုး​ခြား​တို့​အ​လယ်​တွင် ကောင်း​စွာ​အ​သက်​ရှင်​နေ​ထိုင်​ကြ​လော့။ သို့​ပြု​လျှင် သူ​တို့​သည် သင်​တို့​ကို ဒု​စ​ရိုက်​ပြု​သူ​များ​အ​ဖြစ် ပုတ်​ခတ်​ပြော​ဆို​ကြ​သော်​လည်း သင်​တို့​၏​ကောင်း​သော​အ​မှု​တို့​ကို​မြင်​၍ အ​ကြည့်​အ​ရှု​ကြွ​လာ​တော်​မူ​သော​နေ့​ရက်​၌ ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ကြ​လိမ့်​မည်။

13. လူ​တို့​စီ​ရင်​ခန့်​ထား​သော​အုပ်​ချုပ်​မှု​စ​နစ်​အား​လုံး​ကို သ​ခင်​ဘု​ရား​၏​မျက်​နှာ​တော်​ကို​ထောက်​၍ နာ​ခံ​ကြ​လော့။ အ​ထွတ်​အ​မြတ်​ဖြစ်​သော​ရှင်​ဘု​ရင်​ကို​ဖြစ်​စေ၊

14. ဒု​စ​ရိုက်​ပြု​သူ​များ​ကို ပြစ်​ဒဏ်​ပေး​၍ လူ​ကောင်း​တို့​ကို ဂုဏ်​ပြု​ချီး​မွမ်း​ရန် ရှင်​ဘု​ရင်​စေ​လွှတ်​သော​ဘု​ရင်​ခံ​များ​ကို​ဖြစ်​စေ နာ​ခံ​ကြ​လော့။

15. အ​ဘယ်​ကြောင့်​ဆို​သော် ကောင်း​သော​အ​မှု​ကို​ပြု​ခြင်း​အား​ဖြင့် မိုက်​မဲ​သော​သူ​တို့​၏​အ​သိ​ဉာဏ်​ကင်း​မဲ့​မှု​ကို တိတ်​ဆိတ်​စေ​ခြင်း​သည် ဘု​ရား​သ​ခင်​၏​အ​လို​တော်​ဖြစ်​၏။

16. လွတ်​လပ်​သော​သူ​များ​အ​ဖြစ် အ​သက်​ရှင်​နေ​ထိုင်​ကြ​လော့။ သို့​သော် ထို​လွတ်​လပ်​ခြင်း​ကို မ​ကောင်း​မှု​ပြု​ရန် ဆင်​ခြေ​ဆင်​လက်​အ​ဖြစ် အ​သုံး​မ​ပြု​ဘဲ ဘု​ရား​သ​ခင်​၏​အ​စေ​အ​ပါး​အ​ဖြစ် အ​သုံး​ပြု​ကြ​လော့။

17. လူ​အ​ပေါင်း​တို့​ကို ရို​သေ​ကြ​လော့။ ညီ​အစ်​ကို​အ​ချင်း​ချင်း​ချစ်​ကြ​လော့။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ကြ​လော့။ ရှင်​ဘု​ရင်​ကို ရို​သေ​ကြ​လော့။

ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 2