ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 2:16-25 Myanmar Standard Bible (MSB)

2-3. သ​ခင်​ဘု​ရား​သည် ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း သင်​တို့​မြည်း​စမ်း​ကြ​ပြီ​ဖြစ်​၍ ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​နို့​ရည်​အ​စစ်​အား​ဖြင့် ကယ်​တင်​ခြင်း​၌​ကြီး​ထွား​ရန် မွေး​ကင်း​စ​က​လေး​ငယ်​များ​ကဲ့​သို့ ထို​နို့​ရည်​ကို​တောင့်​တ​ကြ​လော့။

16. လွတ်​လပ်​သော​သူ​များ​အ​ဖြစ် အ​သက်​ရှင်​နေ​ထိုင်​ကြ​လော့။ သို့​သော် ထို​လွတ်​လပ်​ခြင်း​ကို မ​ကောင်း​မှု​ပြု​ရန် ဆင်​ခြေ​ဆင်​လက်​အ​ဖြစ် အ​သုံး​မ​ပြု​ဘဲ ဘု​ရား​သ​ခင်​၏​အ​စေ​အ​ပါး​အ​ဖြစ် အ​သုံး​ပြု​ကြ​လော့။

17. လူ​အ​ပေါင်း​တို့​ကို ရို​သေ​ကြ​လော့။ ညီ​အစ်​ကို​အ​ချင်း​ချင်း​ချစ်​ကြ​လော့။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ကြ​လော့။ ရှင်​ဘု​ရင်​ကို ရို​သေ​ကြ​လော့။

18. အ​စေ​ခံ​တို့၊ ကြောက်​ရွံ့​ရို​သေ​သော​စိတ်​အ​ပြည့်​အ​ဝ​ဖြင့် သင်​တို့​၏​သ​ခင်​များ​ကို​နာ​ခံ​ကြ​လော့။ စိတ်​သ​ဘော​ကောင်း​၍ ညင်​သာ​သော​သ​ခင်​များ​ကို​သာ​မ​ဟုတ်​ဘဲ ကြမ်း​တမ်း​ခက်​ထန်​သော​သ​ခင်​များ​ကို​လည်း နာ​ခံ​ကြ​လော့။

19. အ​ကြောင်း​မူ​ကား မည်​သူ​မ​ဆို မ​တ​ရား​သ​ဖြင့် ဒုက္ခ​ဝေ​ဒ​နာ​ကို​ခံ​စား​ရ​သော​အ​ခါ ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော​အ​သိ​စိတ်​ကို​ထောက်​၍ ဝမ်း​နည်း​ခြင်း​ကို​သည်း​ခံ​လျှင် ဂုဏ်​ယူ​ဖွယ်​ဖြစ်​၏။

20. သင်​တို့​သည် အ​ပြစ်​ပြု​၍ ရိုက်​နှက်​ခြင်း​ခံ​ရ​သည်​ကို​သည်း​ခံ​လျှင် မည်​သည့်​ချီး​မွမ်း​စ​ရာ​ရှိ​မည်​နည်း။ သို့​သော် ကောင်း​သော​အ​မှု​ကို​ပြု​၍ ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​ရ​သည်​ကို​သည်း​ခံ​လျှင် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ဂုဏ်​ယူ​ဖွယ်​ဖြစ်​၏။

21. အ​မှန်​စင်​စစ် သင်​တို့​သည် ဤ​အ​တွက် ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​၏။ အ​ကြောင်း​မူ​ကား ခ​ရစ်​တော်​သည်​လည်း သင်​တို့​ကို မိ​မိ​ခြေ​ရာ​တော်​အ​တိုင်း​လိုက်​လျှောက်​စေ​ရန် သင်​တို့​ကိုယ်​စား ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​ရ​လျက် သင်​တို့​အ​တွက် စံ​န​မူ​နာ​ကို​ထား​ပေး​တော်​မူ​၏။

22. ကိုယ်​တော်​သည် အ​ပြစ်​ကို​မ​ပြု။ ကိုယ်​တော်​၏​နှုတ်​တော်​၌ မု​သား​ကို​မ​တွေ့​ရ။

23. ပုတ်​ခတ်​ပြော​ဆို​ခြင်း​ခံ​ရ​သော​အ​ခါ ပြန်​၍​မ​တုံ့​ပြန်၊ ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​ရ​သော​အ​ခါ​၌​လည်း ခြိမ်း​ခြောက်​ခြင်း​ကို​မ​ပြု​ဘဲ ဖြောင့်​မတ်​စွာ​တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင်​ထံ​သို့ မိ​မိ​ကိုယ်​ကို​အပ်​နှံ​တော်​မူ​၏။

24. ငါ​တို့​သည် အ​ပြစ်​အ​ရာ​၌ သေ​ဆုံး​၍ ဖြောင့်​မတ်​ခြင်း​အ​ရာ​၌ အ​သက်​ရှင်​မည့်​အ​ကြောင်း ကိုယ်​တော်​သည် သစ်​တိုင်​ပေါ်​တွင် ငါ​တို့​အ​ပြစ်​များ​ကို မိ​မိ​၏​ကိုယ်​ခန္ဓာ​၌ ကိုယ်​တော်​တိုင်​ဆောင်​ယူ​တော်​မူ​၏။ သင်​တို့​သည် ကိုယ်​တော်​၏​ဒဏ်​ချက်​တော်​အား​ဖြင့် အ​နာ​ရော​ဂါ​ပျောက်​ကင်း​ခြင်း​အ​ခွင့်​ကို​ရ​ရှိ​ကြ​၏။

25. သင်​တို့​သည် လမ်း​လွဲ​သော​သိုး​များ​ကဲ့​သို့​ဖြစ်​ကြ​၏။ ယ​ခု​မူ​ကား သိုး​ထိန်း​ဖြစ်​တော်​မူ​၍ သင်​တို့​၏​စိတ်​ဝိ​ညာဉ်​ကို​ကြီး​ကြပ်​သူ​ဖြစ်​တော်​မူ​သော​အ​ရှင်​ထံ​သို့ ပြန်​ရောက်​ကြ​ပြီ။

ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 2