ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 1:12-16 Myanmar Standard Bible (MSB)

12. ထို​အ​ခါ သူ​တို့​ပြု​စု​သော​အ​ရာ​တို့​သည် မိ​မိ​တို့​အ​တွက်​မ​ဟုတ်​ဘဲ သင်​တို့​အ​တွက်​ဖြစ်​ကြောင်း သူ​တို့​အား​ဖွင့်​ပြ​တော်​မူ​၏။ ယ​ခု ထို​အ​ရာ​တို့​သည် ကောင်း​ကင်​ဘုံ​မှ​စေ​လွှတ်​ခြင်း​ခံ​ရ​သည့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့် ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​သော​သူ​များ​မှ​တစ်​ဆင့် သင်​တို့​ထံ ဖော်​ပြ​ခြင်း​ခံ​ရ​ပြီ။ ကောင်း​ကင်​တ​မန်​တို့​ပင်​လျှင် ထို​အ​ရာ​တို့​ကို​ကြည့်​ရှု​ရန် အ​လွန်​အ​လို​ရှိ​ကြ​၏။

13. သို့​ဖြစ်​၍ သင်​တို့​၏​စိတ်​နှ​လုံး​ကို အ​သင့်​ပြင်​ဆင်​ထား​လျက် သမ္မာ​သ​တိ​ရှိ​ကြ​လော့။ ယေ​ရှု​ခ​ရစ်​တော်​ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ သင်​တို့​ထံ​သို့ သက်​ရောက်​လာ​မည့်​ကျေး​ဇူး​တော်​ကို အ​ပြည့်​အ​ဝ​မျှော်​လင့်​ကြ​လော့။

14. ယ​ခင် သင်​တို့​မ​သိ​နား​မ​လည်​စဉ်​က လိုက်​ခဲ့​သော​တပ်​မက်​မှု​များ​နောက်​သို့ ယ​ခု​မ​လိုက်​ကြ​ဘဲ နာ​ခံ​မှု​ရှိ​သော​သား​သ​မီး​များ​ကဲ့​သို့​ဖြစ်​၍

15. သင်​တို့​ကို​ခေါ်​ယူ​တော်​မူ​သော​အ​ရှင်​သည် သန့်​ရှင်း​တော်​မူ​သည့်​နည်း​တူ သင်​တို့​ကိုယ်​တိုင်​လည်း အ​သက်​ရှင်​နေ​ထိုင်​မှု​ရှိ​သ​မျှ​တို့​၌ သန့်​ရှင်း​ခြင်း​ရှိ​ကြ​လော့။

16. အ​ဘယ်​ကြောင့်​ဆို​သော် “ငါ​သည် သန့်​ရှင်း​သော​ကြောင့် သင်​တို့​သည် သန့်​ရှင်း​ခြင်း​ရှိ​ကြ​ရ​မည်”​ဟု ရေး​ထား​၏။

ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 1