ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 1:1-14 Myanmar Standard Bible (MSB)

1. ယေ​ရှု​ခ​ရစ်​တော်​၏​တ​မန်​တော်​ငါ​ပေ​တ​ရု​သည် ပုန္တု​ပြည်၊ ဂ​လာ​တိ​ပြည်၊ ကပ္ပ​ဒေါ​ကိ​ပြည်၊ အာ​ရှ​ပြည်​နှင့် ဗိ​သု​နိ​ပြည်​အ​ရပ်​ရပ်​တို့​၌ ကွဲ​လွင့်​ပျံ့​နှံ့​နေ​သည့်​အာ​ဂန္တု​များ​တည်း​ဟူ​သော

2. ယေ​ရှု​ခ​ရစ်​တော်​ကို​နာ​ခံ​ရန်​နှင့် ကိုယ်​တော်​၏​သွေး​တော်​ပက်​ဖျန်း​ခြင်း​ခံ​ရ​ရန်​အ​တွက် ဝိ​ညာဉ်​တော်​အား​ဖြင့်​သန့်​ရှင်း​စေ​ခြင်း​ခံ​ရ​၍ ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏​ကြို​တင်​သိ​မြင်​သော​ဉာဏ်​တော်​အ​တိုင်း ရွေး​ကောက်​ခံ​ရ​သော​သူ​တို့​ထံ​သို့ စာ​ရေး​လိုက်​ပါ​၏။ ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​သည် သင်​တို့​၌​တိုး​ပွား​ပါ​စေ​သော။

3. ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​ခ​မည်း​တော်​ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ ကိုယ်​တော်​သည် မိ​မိ​၏​ကြီး​မြတ်​သော​က​ရု​ဏာ​တော်​နှင့်​အ​ညီ ယေ​ရှု​ခ​ရစ်​တော်​၏​သေ​သော​သူ​တို့​ထဲ​မှ ရှင်​ပြန်​ထ​မြောက်​ခြင်း​အား​ဖြင့် ငါ​တို့​ကို အ​သက်​ရှင်​သော​မျှော်​လင့်​ခြင်း​ထဲ​သို့​လည်း​ကောင်း၊

4. သင်​တို့​အ​တွက် ကောင်း​ကင်​ဘုံ​၌​ထိန်း​သိမ်း​ထား​သည့် ယို​ယွင်း​ပျက်​စီး​ခြင်း၊ ညစ်​ညူး​ခြင်း​နှင့် မှေး​မှိန်​ခြင်း​တို့​မ​ရှိ​သော အ​မွေ​တော်​ထဲ​သို့​လည်း​ကောင်း အ​သစ်​တစ်​ဖန်​မွေး​ဖွား​စေ​တော်​မူ​၏။

5. သင်​တို့​သည် နောက်​ဆုံး​သော​ကာ​လ​၌​ဖော်​ပြ​ရန် အ​သင့်​ပြင်​ဆင်​ထား​သော​ကယ်​တင်​ခြင်း​အ​တွက် ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​၌ ယုံ​ကြည်​ခြင်း​အား​ဖြင့် စောင့်​ရှောက်​ခြင်း​ကို​ခံ​ရ​ကြ​၏။

6. သင်​တို့​သည် ယ​ခု​အ​ချိန်​တွင် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​မျိုး​မျိုး​ကြောင့် ခေတ္တ​ခ​ဏ​ဝမ်း​နည်း​ရ​လျှင်​လည်း အ​ထက်​၌​ဆို​ခဲ့​ပြီး​သော​အ​ကြောင်း​ကြောင့် ရွှင်​မြူး​ခြင်း​ရှိ​ကြ​၏။

7. ဤ​သည်​ကား မီး​ဖြင့်​စစ်​ဆေး​ခြင်း​ခံ​ရ​ပြီ​ဖြစ်​သော်​လည်း ပျက်​စီး​တတ်​သည့်​ရွှေ​ထက် များ​စွာ​အ​ဖိုး​တန်​သော​သင်​တို့​၏​ယုံ​ကြည်​ခြင်း​ကို စစ်​ကြော​စုံ​စမ်း​ခြင်း​သည် ယေ​ရှု​ခ​ရစ်​တော်​ပေါ်​ထွန်း​တော်​မူ​သော​အ​ချိန်​၌ ချီး​မွမ်း​ခြင်း၊ ဘုန်း​အ​သ​ရေ​နှင့် ဂုဏ်​သ​ရေ​အ​ဖြစ်​သို့ ရောက်​မည့်​အ​ကြောင်း​တည်း။

8. သင်​တို့​သည် ထို​သ​ခင်​ကို မ​မြင်​ဖူး​သော်​လည်း ချစ်​ကြ​၏။ ထို​သ​ခင်​ကို ယ​ခု​မ​မြင်​သော်​လည်း ယုံ​ကြည်​ကြ​ပြီး ပြော​၍​မ​မီ​နိုင်​သော​ဝမ်း​မြောက်​ခြင်း​ဖြင့် ရွှင်​မြူး​လျက် ဘုန်း​တော်​ကို​ချီး​မွမ်း​ကြ​၏။

9. ဤ​သည်​ကား သင်​တို့​၏​ယုံ​ကြည်​ခြင်း​အ​ကျိုး​ရ​လဒ်​တည်း​ဟူ​သော စိတ်​ဝိ​ညာဉ်​ကယ်​တင်​ခြင်း​ကို ရ​ရှိ​ကြ​သော​ကြောင့်​ဖြစ်​၏။

10. သင်​တို့​ခံ​စား​ရ​မည့်​ကျေး​ဇူး​တော်​နှင့်​ပတ်​သက်​၍ ဟော​ပြော​ခဲ့​သည့်​ပ​ရော​ဖက်​တို့​သည် ထို​ကယ်​တင်​ခြင်း​အ​ကြောင်း​ကို ရှာ​ဖွေ​စူး​စမ်း​ခဲ့​ကြ​၏။

11. သူ​တို့​အ​ထဲ​၌​ရှိ​သော ခ​ရစ်​တော်​၏​ဝိ​ညာဉ်​တော်​သည် ခ​ရစ်​တော်​၏​ဒုက္ခ​ဝေ​ဒ​နာ​များ​နှင့် ထို​ဝေ​ဒ​နာ​များ​နောက်​တွင်​ဖြစ်​လာ​မည့် ဘုန်း​အ​သ​ရေ​တို့​အ​ကြောင်း​ကို ကြို​တင်​သက်​သေ​ခံ​သော​အ​ခါ မည်​သူ သို့​မ​ဟုတ် မည်​သည့်​အ​ချိန်​ကို​ဆို​လို​ကြောင်း သူ​တို့​စူး​စမ်း​လေ့​လာ​ကြ​၏။

12. ထို​အ​ခါ သူ​တို့​ပြု​စု​သော​အ​ရာ​တို့​သည် မိ​မိ​တို့​အ​တွက်​မ​ဟုတ်​ဘဲ သင်​တို့​အ​တွက်​ဖြစ်​ကြောင်း သူ​တို့​အား​ဖွင့်​ပြ​တော်​မူ​၏။ ယ​ခု ထို​အ​ရာ​တို့​သည် ကောင်း​ကင်​ဘုံ​မှ​စေ​လွှတ်​ခြင်း​ခံ​ရ​သည့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့် ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​သော​သူ​များ​မှ​တစ်​ဆင့် သင်​တို့​ထံ ဖော်​ပြ​ခြင်း​ခံ​ရ​ပြီ။ ကောင်း​ကင်​တ​မန်​တို့​ပင်​လျှင် ထို​အ​ရာ​တို့​ကို​ကြည့်​ရှု​ရန် အ​လွန်​အ​လို​ရှိ​ကြ​၏။

13. သို့​ဖြစ်​၍ သင်​တို့​၏​စိတ်​နှ​လုံး​ကို အ​သင့်​ပြင်​ဆင်​ထား​လျက် သမ္မာ​သ​တိ​ရှိ​ကြ​လော့။ ယေ​ရှု​ခ​ရစ်​တော်​ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ သင်​တို့​ထံ​သို့ သက်​ရောက်​လာ​မည့်​ကျေး​ဇူး​တော်​ကို အ​ပြည့်​အ​ဝ​မျှော်​လင့်​ကြ​လော့။

14. ယ​ခင် သင်​တို့​မ​သိ​နား​မ​လည်​စဉ်​က လိုက်​ခဲ့​သော​တပ်​မက်​မှု​များ​နောက်​သို့ ယ​ခု​မ​လိုက်​ကြ​ဘဲ နာ​ခံ​မှု​ရှိ​သော​သား​သ​မီး​များ​ကဲ့​သို့​ဖြစ်​၍

ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 1