ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 3:7-18 Myanmar Standard Bible (MSB)

7. ယ​ခု​ရှိ​သော ကောင်း​ကင်​နှင့်​မြေ​ကြီး​မူ​ကား ထို​နှုတ်​က​ပတ်​တော်​အား​ဖြင့် မီး​အ​တွက်​သို​မှီး​ထား​ခြင်း​ခံ​ရ​၍ ဘု​ရား​တ​ရား​မဲ့​သော​သူ​တို့​၏​ပျက်​စီး​ခြင်း​နှင့် တ​ရား​စီ​ရင်​ခြင်း​နေ့​ရက်​တိုင်​အောင် ထိန်း​သိမ်း​ထား​ခြင်း​ခံ​ရ​လျက်​ရှိ​၏။

8. သို့​သော် ချစ်​ရ​သော​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​အ​တွက် နေ့​ရက်​တစ်​ရက်​သည် အ​နှစ်​တစ်​ထောင်​ကဲ့​သို့​လည်း​ကောင်း၊ အ​နှစ်​တစ်​ထောင်​သည် နေ့​ရက်​တစ်​ရက်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​သည်​ဟူ​သော​အ​ချက်​တစ်​ခု​ကို မ​မေ့​လျော့​ကြ​နှင့်။

9. နှောင့်​နှေး​သည်​ဟု အ​ချို့​တို့​က​မှတ်​ယူ​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​ကို နှောင့်​နှေး​စေ​တော်​မူ​သည်​မ​ဟုတ်။ မည်​သူ​မျှ​မ​ပျက်​စီး​ဘဲ လူ​တိုင်း​နောင်​တ​ရ​စေ​ရန် အ​လို​တော်​ရှိ​၍ သင်​တို့​အ​ပေါ်​စိတ်​ရှည်​သည်း​ခံ​လျက်​နေ​တော်​မူ​ခြင်း​သာ​ဖြစ်​၏။

10. သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​၏​နေ့​ရက်​သည် သူ​ခိုး​လာ​သ​ကဲ့​သို့​ရောက်​လာ​လိမ့်​မည်။ ထို​နေ့​ရက်​၌ ကောင်း​ကင်​သည် ကျယ်​လောင်​သော​အ​သံ​ဖြင့် ကွယ်​ပျောက်​သွား​၍ လော​က​ဓာတ်​တို့​သည် ပြင်း​ထန်​သော​အ​ပူ​ရှိန်​ဖြင့် ပျက်​သုဉ်း​သွား​လိမ့်​မည်။ မြေ​ကြီး​မှ​စ​၍ ၎င်း​ပေါ်​၌​ပြု​လုပ်​သော​အ​ရာ​တို့​သည်​လည်း လောင်​ကျွမ်း​လိမ့်​မည်။

11. ဤ​အ​ရာ​အား​လုံး​တို့​သည် ထို​သို့​ပယ်​ဖျက်​ခြင်း​ခံ​ရ​မည်​ဖြစ်​သော​ကြောင့် သင်​တို့​သည် မည်​သို့​သော​သူ​များ​ဖြစ်​သင့်​သ​နည်း။ သင်​တို့​သည် သန့်​ရှင်း​စွာ​အ​သက်​ရှင်​နေ​ထိုင်​လျက် ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း​အား​ဖြင့်

12. ဘု​ရား​သ​ခင်​၏​နေ့​ရက်​ကို​စောင့်​မျှော်​၍ ထို​နေ့​ရက်​၏​ရောက်​ရှိ​လာ​ခြင်း​ကို လျင်​မြန်​စေ​သင့်​၏။ ထို​နေ့​၌ ကောင်း​ကင်​သည် လောင်​မြိုက်​ခြင်း​ခံ​ရ​လျက် ပျက်​သုဉ်း​သွား​ရ​လိမ့်​မည်။ လော​က​ဓာတ်​တို့​သည်​လည်း ပြင်း​ထန်​သော​အ​ပူ​ရှိန်​ဖြင့် အ​ရည်​ပျော်​ရ​ကြ​လိမ့်​မည်။

13. သို့​သော် ငါ​တို့​သည် ကိုယ်​တော်​၏​က​တိ​တော်​အ​တိုင်း ဖြောင့်​မတ်​ခြင်း​တ​ရား​ကိန်း​ဝပ်​ရာ ကောင်း​ကင်​သစ်​နှင့်​မြေ​ကြီး​သစ်​ကို​စောင့်​မျှော်​နေ​ကြ​၏။

14. သို့​ဖြစ်​၍ ချစ်​ရ​သော​သူ​တို့၊ သင်​တို့​သည် ထို​အ​ရာ​များ​ကို​စောင့်​မျှော်​နေ​ကြ​သည်​ဖြစ်​၍ အ​စွန်း​အ​ထင်း​ကင်း​လျက် အ​ပြစ်​တင်​စ​ရာ​မ​ရှိ​သော​သူ​အ​ဖြစ် ကိုယ်​တော်​၏​ရှေ့​တော်​သို့ ငြိမ်း​ချမ်း​စွာ​ရောက်​ရှိ​နိုင်​ရန် ကြိုး​စား​ကြ​လော့။

15. ငါ​တို့​ချစ်​သော​ညီ​အစ်​ကို​ပေါ​လု​သည်​လည်း သူ​၌​ပေး​အပ်​ထား​တော်​မူ​သော ဉာဏ်​ပ​ညာ​နှင့်​အ​ညီ သင်​တို့​ထံ​ရေး​လိုက်​သည့်​အ​တိုင်း ငါ​တို့​သ​ခင်​ဘု​ရား​၏​စိတ်​ရှည်​တော်​မူ​ခြင်း​သည် ကယ်​တင်​ခြင်း​အ​တွက်​ဖြစ်​သည်​ဟု မှတ်​ယူ​ကြ​လော့။

16. သူ​သည် အ​ခြား​စာ​အား​လုံး​ထဲ​တွင်​လည်း ဤ​အ​ကြောင်း​အ​ရာ​များ​နှင့်​ပတ်​သက်​၍ ပြော​ထား​၏။ ထို​စာ​များ​ထဲ​တွင် နား​လည်​ရန်​ခက်​ခဲ​သော​အ​ရာ​အ​ချို့​ရှိ​၏။ အ​သိ​ပ​ညာ​မဲ့​၍ မ​တည်​ကြည်​သော​သူ​တို့​သည် အ​ခြား​သော​ကျမ်း​များ​အ​ပေါ်​၌​လည်း​ပြု​သ​ကဲ့​သို့ ထို​စာ​၏​အ​နက်​ကို လို​ရာ​ဆွဲ​၍ မိ​မိ​တို့​ကိုယ်​ကို ပျက်​စီး​ခြင်း​သို့​ရောက်​စေ​ကြ​၏။

17. ထို့​ကြောင့် ချစ်​ရ​သော​သူ​တို့၊ ဤ​အ​ရာ​တို့​ကို သင်​တို့​သိ​ထား​နှင့်​ပြီ​ဖြစ်​၍ စောင့်​စည်း​မှု​မ​ရှိ​သော​သူ​တို့​၏​မှား​ယွင်း​ခြင်း​သို့ လိုက်​ပါ​သွား​လျက် မိ​မိ​တို့​၏​တည်​ကြည်​မှု​ကို မ​ဆုံး​ရှုံး​စေ​ရန် မိ​မိ​ကိုယ်​ကို​စောင့်​ထိန်း​ကြ​လော့။

18. ငါ​တို့​၏​သ​ခင်​နှင့်​ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​သော ယေ​ရှု​ခ​ရစ်​တော်​၏​ကျေး​ဇူး​တော်​၌​လည်း​ကောင်း၊ ကိုယ်​တော်​ကို​သိ​သော​ဉာဏ်​၌​လည်း​ကောင်း ကြီး​ထွား​ကြ​လော့။ ယ​ခု​မှ​စ​၍ ထာ​ဝ​ရ​နေ့​ရက်​ကာ​လ​တိုင်​အောင် ကိုယ်​တော်​၌ ဘုန်း​အ​သ​ရေ​တော်​ရှိ​ပါ​စေ​သော။ အာ​မင်။

ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 3