ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 3:1-7 Myanmar Standard Bible (MSB)

1. ချစ်​ရ​သော​သူ​တို့၊ ယ​ခု ဤ​ဒု​တိ​ယ​စာ​ကို သင်​တို့​ထံ​သို့ ငါ​ရေး​လိုက်​၏။ ငါ​သည် ဤ​စာ​နှစ်​စောင်​လုံး​တွင် သင်​တို့​ကို​သ​တိ​ပေး​နှိုး​ဆော်​ခြင်း​အား​ဖြင့် သင်​တို့​၏​ဖြူ​စင်​သော​စိတ်​နှ​လုံး​ကို နိုး​ကြား​တက်​ကြွ​စေ​၏။

2. ဤ​သည်​ကား သန့်​ရှင်း​သော​ပ​ရော​ဖက်​များ ကြို​တင်​ပြော​ထား​သော​စ​ကား​တို့​ကို​လည်း​ကောင်း၊ သင်​တို့​၏​တ​မန်​တော်​များ​မှ​တစ်​ဆင့်​ရ​ရှိ​ထား​သည့် သ​ခင်​နှင့်​ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​သော​အ​ရှင်​၏​ပ​ညတ်​တော်​ကို​လည်း​ကောင်း သင်​တို့​ပြန်​လည်​သ​တိ​ရ​စေ​ရန်​ဖြစ်​၏။

3. ပ​ထ​မ​ဦး​စွာ သင်​တို့​သိ​ထား​ရ​မည့်​အ​ချက်​မှာ ပြက်​ရယ်​ပြု​တတ်​သော​သူ​တို့​သည် နောက်​ဆုံး​သော​နေ့​ရက်​ကာ​လ​၌ ပြက်​ရယ်​ပြု​လျက်​ပေါ်​လာ​၍ မိ​မိ​တို့​၏​တပ်​မက်​ခြင်း​များ​အ​တိုင်း လျှောက်​လှမ်း​ကာ

4. “ကိုယ်​တော်​၏​ကြွ​လာ​တော်​မူ​ခြင်း​နှင့်​ဆိုင်​သော​က​တိ​တော်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ ရှေး​ဘိုး​ဘေး​များ​အိပ်​ပျော်​ခဲ့​သည့်​အ​ချိန်​မှ​စ​၍ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ဖန်​ဆင်း​ခြင်း​၏​အ​စ​က​အ​တိုင်း ဆက်​၍​တည်​နေ​သည်​မ​ဟုတ်​လော”​ဟု ပြော​ဆို​ကြ​လိမ့်​မည်။

5. အ​ဘယ်​ကြောင့်​ဆို​သော် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​အား​ဖြင့် ကောင်း​ကင်​သည် ရှေး​ယ​ခင်​က​ပင်​တည်​ရှိ​၍ မြေ​ကြီး​သည်​လည်း ရေ​အား​ဖြင့် ရေ​ထဲ​မှ​ထင်​ရှား​လာ​ပြီး

6. ထို​အ​ချိန်​က ကမ္ဘာ​သည် ရေ​လွှမ်း​မိုး​ခြင်း​ခံ​ရ​လျက် ရေ​အား​ဖြင့် ပျက်​စီး​ခြင်း​သို့​ရောက်​ခဲ့​သည်​ဟူ​သော​အ​ချက်​ကို သူ​တို့​သည် တ​မင်​မေ့​လျော့​ထား​လို​ကြ​၏။

7. ယ​ခု​ရှိ​သော ကောင်း​ကင်​နှင့်​မြေ​ကြီး​မူ​ကား ထို​နှုတ်​က​ပတ်​တော်​အား​ဖြင့် မီး​အ​တွက်​သို​မှီး​ထား​ခြင်း​ခံ​ရ​၍ ဘု​ရား​တ​ရား​မဲ့​သော​သူ​တို့​၏​ပျက်​စီး​ခြင်း​နှင့် တ​ရား​စီ​ရင်​ခြင်း​နေ့​ရက်​တိုင်​အောင် ထိန်း​သိမ်း​ထား​ခြင်း​ခံ​ရ​လျက်​ရှိ​၏။

ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 3