1. ချစ်ရသောသူတို့၊ ယခု ဤဒုတိယစာကို သင်တို့ထံသို့ ငါရေးလိုက်၏။ ငါသည် ဤစာနှစ်စောင်လုံးတွင် သင်တို့ကိုသတိပေးနှိုးဆော်ခြင်းအားဖြင့် သင်တို့၏ဖြူစင်သောစိတ်နှလုံးကို နိုးကြားတက်ကြွစေ၏။
2. ဤသည်ကား သန့်ရှင်းသောပရောဖက်များ ကြိုတင်ပြောထားသောစကားတို့ကိုလည်းကောင်း၊ သင်တို့၏တမန်တော်များမှတစ်ဆင့်ရရှိထားသည့် သခင်နှင့်ကယ်တင်ရှင်ဖြစ်တော်မူသောအရှင်၏ပညတ်တော်ကိုလည်းကောင်း သင်တို့ပြန်လည်သတိရစေရန်ဖြစ်၏။
3. ပထမဦးစွာ သင်တို့သိထားရမည့်အချက်မှာ ပြက်ရယ်ပြုတတ်သောသူတို့သည် နောက်ဆုံးသောနေ့ရက်ကာလ၌ ပြက်ရယ်ပြုလျက်ပေါ်လာ၍ မိမိတို့၏တပ်မက်ခြင်းများအတိုင်း လျှောက်လှမ်းကာ
4. “ကိုယ်တော်၏ကြွလာတော်မူခြင်းနှင့်ဆိုင်သောကတိတော်သည် အဘယ်မှာရှိသနည်း။ ရှေးဘိုးဘေးများအိပ်ပျော်ခဲ့သည့်အချိန်မှစ၍ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းခြင်း၏အစကအတိုင်း ဆက်၍တည်နေသည်မဟုတ်လော”ဟု ပြောဆိုကြလိမ့်မည်။
5. အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ကောင်းကင်သည် ရှေးယခင်ကပင်တည်ရှိ၍ မြေကြီးသည်လည်း ရေအားဖြင့် ရေထဲမှထင်ရှားလာပြီး
6. ထိုအချိန်က ကမ္ဘာသည် ရေလွှမ်းမိုးခြင်းခံရလျက် ရေအားဖြင့် ပျက်စီးခြင်းသို့ရောက်ခဲ့သည်ဟူသောအချက်ကို သူတို့သည် တမင်မေ့လျော့ထားလိုကြ၏။