ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 2:15-21 Myanmar Standard Bible (MSB)

15. သူ​တို့​သည် ဖြောင့်​တန်း​သော​လမ်း​ကို​စွန့်​ခွာ​၍ လမ်း​လွဲ​ကာ မ​တ​ရား​မှု​ကြောင့်​ရ​ရှိ​သော​အ​ဖိုး​အ​ခ​ကို​နှစ်​သက်​သည့် ဗော်​သော်​၏​သား ဗာ​လမ်​၏​လမ်း​စဉ်​ကို​လိုက်​ကြ​၏။

16. သို့​သော် ဗာ​လမ်​သည် မိ​မိ​၏​မှား​ယွင်း​ခြင်း​အ​တွက် ဆို​ဆုံး​မ​ခြင်း​ကို​ခံ​ရ​၏။ စ​ကား​မ​ပြော​တတ်​သော​မြည်း​သည် လူ​၏​အ​သံ​ဖြင့် စ​ကား​ပြော​လျက် ထို​ပ​ရော​ဖက်​၏​မိုက်​မဲ​မှု​ကို တား​မြစ်​လေ​၏။

17. ထို​သူ​တို့​သည် ခန်း​ခြောက်​သော​စမ်း​ရေ​တွင်း​များ၊ မုန်​တိုင်း​ဖြင့်​လွင့်​ပါ​သွား​သည့်​မိုး​တိမ်​များ​ဖြစ်​ကြ​၏။ သူ​တို့​အ​တွက် မှောင်​မည်း​သော​အ​မှောင်​ကို ထိန်း​သိမ်း​ထား​လျက်​ရှိ​၏။

18. အ​ကြောင်း​မူ​ကား သူ​တို့​သည် အ​ချည်း​နှီး​ချဲ့​ထွင်​ဝါ​ကြွား​ပြော​ဆို​လျက် မှား​ယွင်း​ခြင်း​၌​အ​သက်​ရှင်​နေ​ထိုင်​သော​သူ​တို့​ထဲ​မှ လွတ်​မြောက်​ခါ​စ​ရှိ​သော​သူ​တို့​ကို သွေး​သား​ဇာ​တိ​၏​တပ်​မက်​ခြင်း​နှင့်​ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း​တို့​ဖြင့် လှည့်​ဖြား​ဆွဲ​ဆောင်​ကြ​၏။

19. သူ​တို့​သည် ထို​သူ​တို့​အား လွတ်​လပ်​မှု​ကို​ပေး​မည်​ဟု က​တိ​ပေး​လျက်​နှင့် သူ​တို့​ကိုယ်​တိုင်​သည် ပျက်​စီး​ခြင်း​၏​ကျေး​ကျွန်​များ​ဖြစ်​ကြ​၏။ အ​ကြောင်း​မူ​ကား လူ​သည် တစ်​စုံ​တစ်​ခု​၏​အ​နိုင်​ယူ​စိုး​မိုး​ခြင်း​ကို​ခံ​ရ​လျှင် ထို​အ​ရာ​၏​ကျေး​ကျွန်​ဖြစ်​၏။

20. ငါ​တို့​၏​သ​ခင်​နှင့် ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​သော ယေ​ရှု​ခ​ရစ်​တော်​ကို​သိ​ခြင်း​အား​ဖြင့် လော​ကီ​ညစ်​ညူး​ခြင်း​မှ လွတ်​မြောက်​ကြ​ပြီး​နောက် ထို​အ​ရာ​များ​နှင့် တစ်​ဖန်​ပတ်​သက်​ငြိ​တွယ်​လျက် အ​နိုင်​ယူ​စိုး​မိုး​ခြင်း​ကို​ခံ​ရ​လျှင် သူ​တို့​၏​နောက်​ဖြစ်​အင်​သည် ရှေ့​ဖြစ်​အင်​ထက် ဆိုး​ရွား​လေ​၏။

21. အ​ကြောင်း​မူ​ကား ဖြောင့်​မတ်​ခြင်း​လမ်း​ကို​သိ​လျက်​နှင့် မိ​မိ​တို့​ထံ​ပေး​အပ်​ထား​သည့် သန့်​ရှင်း​သော​ပ​ညတ်​တော်​ကို ကျော​ခိုင်း​သည်​ထက် ၎င်း​ကို​မ​သိ​ခဲ့​လျှင် သူ​တို့​အ​တွက် သာ​၍​ကောင်း​၏။

ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 2