12. သို့သော် သူတို့သည် ဖမ်းဆီးခြင်းနှင့်ဖျက်ဆီးခြင်းခံရရန်အတွက် ပေါက်ဖွားလာသည့် ဘာသာဘာဝဆင်ခြင်ဉာဏ်မရှိသော တိရစ္ဆာန်များကဲ့သို့ဖြစ်ကြပြီး မိမိတို့နားမလည်သည့်အရာများကို စော်ကားပြောဆိုတတ်ကြ၏။ သူတို့သည် ထိုတိရစ္ဆာန်များပျက်စီးသကဲ့သို့ ပျက်စီးသွား၍
13. မတရားမှု၏အဖိုးအခအဖြစ် မတရားသဖြင့်ပြုမူခြင်းကို ခံရကြလိမ့်မည်။ သူတို့သည် နေ့အချိန်၌ သောက်စားပျော်ပါးခြင်းကို ပျော်ရွှင်မှုဟုမှတ်ယူလျက် သင်တို့နှင့်အတူစားသောက်စဉ် မိမိတို့၏လှည့်ဖြားမှုထဲ၌ မွေ့လျော်ကြ၍ အစွန်းအထင်းနှင့်အပြစ်အနာအဆာများကဲ့သို့ဖြစ်ကြ၏။
14. သူတို့၏မျက်စိသည် ဖောက်ပြန်လိုသောဆန္ဒနှင့်ပြည့်နှက်၍ အပြစ်ပြုရာမှရပ်တန့်ခြင်းမရှိကြ။ သူတို့သည် စိတ်မတည်ကြည်သောသူတို့ကို လှည့်ဖြားဆွဲဆောင်လျက် လောဘလွန်ကျူးခြင်း၌ကျင့်သားရသော စိတ်နှလုံးရှိ၍ ကျိန်ဆဲခြင်း၏သားသမီးများဖြစ်ကြ၏။
15. သူတို့သည် ဖြောင့်တန်းသောလမ်းကိုစွန့်ခွာ၍ လမ်းလွဲကာ မတရားမှုကြောင့်ရရှိသောအဖိုးအခကိုနှစ်သက်သည့် ဗော်သော်၏သား ဗာလမ်၏လမ်းစဉ်ကိုလိုက်ကြ၏။
16. သို့သော် ဗာလမ်သည် မိမိ၏မှားယွင်းခြင်းအတွက် ဆိုဆုံးမခြင်းကိုခံရ၏။ စကားမပြောတတ်သောမြည်းသည် လူ၏အသံဖြင့် စကားပြောလျက် ထိုပရောဖက်၏မိုက်မဲမှုကို တားမြစ်လေ၏။
17. ထိုသူတို့သည် ခန်းခြောက်သောစမ်းရေတွင်းများ၊ မုန်တိုင်းဖြင့်လွင့်ပါသွားသည့်မိုးတိမ်များဖြစ်ကြ၏။ သူတို့အတွက် မှောင်မည်းသောအမှောင်ကို ထိန်းသိမ်းထားလျက်ရှိ၏။