ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 2:1-9 Myanmar Standard Bible (MSB)

1. သို့​သော် ပ​ရော​ဖက်​အ​တု​အ​ယောင်​များ​သည် လူ​မျိုး​တော်​ထဲ​၌​ပေါ်​လာ​ကြ​သ​ကဲ့​သို့ သင်​တို့​ထဲ​၌​လည်း ဆ​ရာ​အ​တု​အ​ယောင်​များ​ပေါ်​လာ​ကြ​လိမ့်​မည်။ ထို​သူ​တို့​သည် ပျက်​စီး​ခြင်း​သို့​ရောက်​စေ​သည့် မှား​ယွင်း​သော​အ​ယူ​ဝါ​ဒ​များ​ကို လျှို့​ဝှက်​စွာ​ယူ​ဆောင်​လာ​၍ မိ​မိ​တို့​ကို ရွေး​နုတ်​ဝယ်​ယူ​သော​သ​ခင်​ကို​ပင် ငြင်း​ပယ်​ကာ မိ​မိ​တို့​အ​ပေါ် လျင်​မြန်​သော​ပျက်​စီး​ခြင်း​ကို ကျ​ရောက်​စေ​ကြ​လိမ့်​မည်။

2. များ​စွာ​သော​လူ​တို့​သည်​လည်း ထို​သူ​တို့​၏​ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း​နောက်​သို့​လိုက်​သ​ဖြင့် သမ္မာ​တ​ရား​လမ်း​သည် ထို​သူ​တို့​ကြောင့် စော်​ကား​ပြော​ဆို​ခြင်း​ခံ​ရ​လိမ့်​မည်။

3. သူ​တို့​သည် လော​ဘ​စိတ်​ဖြင့် လုပ်​ကြံ​ဖန်​တီး​သော​စ​ကား​များ​ကို​ပြော​ဆို​လျက် သင်​တို့​အ​ပေါ် အ​မြတ်​ထုတ်​ကြ​လိမ့်​မည်။ သူ​တို့​ခံ​ရ​မည့် ပြစ်​ဒဏ်​စီ​ရင်​ခြင်း​သည် ရှေး​ယ​ခင်​က​ပင် ဖင့်​နှေး​ခြင်း​မ​ရှိ။ သူ​တို့​၏​ပျက်​စီး​ခြင်း​သည်​လည်း ငိုက်​မျဉ်း​ခြင်း​မ​ရှိ။

4. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် အ​ပြစ်​ပြု​သည့်​ကောင်း​ကင်​တ​မန်​များ​ကို ညှာ​တာ​တော်​မ​မူ​ဘဲ အ​ဝီ​စိ​င​ရဲ​ထဲ​သို့ ပစ်​ချ​၍ မှောင်​မည်း​ခြင်း​၏​သံ​ကြိုး​ဖြင့် ချည်​နှောင်​ကာ တ​ရား​စီ​ရင်​ခြင်း​အ​တွက် ထိန်း​သိမ်း​ထား​တော်​မူ​၏။

5. ရှေး​ဟောင်း​ကမ္ဘာ​ကို​လည်း ညှာ​တာ​တော်​မ​မူ​ဘဲ ထို​ဘု​ရား​တ​ရား​မဲ့​သော​ကမ္ဘာ​ကို ရေ​လွှမ်း​မိုး​စေ​တော်​မူ​၍ ဖြောင့်​မတ်​ခြင်း​တ​ရား​၏​သံ​တော်​ဆင့်​ဖြစ်​သော​နော​ဧ​အ​ပါ​အ​ဝင် လူ​ရှစ်​ဦး​ကို စောင့်​ရှောက်​တော်​မူ​၏။

6. ထို့​ပြင် သော​ဒုံ​နှင့်​ဂေါ​မော​ရ​မြို့​တို့​ကို ပြစ်​ဒဏ်​စီ​ရင်​လျက် ပြာ​ပုံ​အ​ဖြစ်​သို့ ပျက်​သုဉ်း​စေ​ကာ ဘု​ရား​တ​ရား​မဲ့​ဖြစ်​လာ​မည့်​သူ​တို့​အ​တွက် န​မူ​နာ​ဖြစ်​စေ​တော်​မူ​၏။

7. ထို​အ​ခါ စောင့်​စည်း​မှု​မ​ရှိ​သော​သူ​တို့​၏​ကာ​မ​ဂုဏ်​လိုက်​စား​သော​အ​သက်​ရှင်​နေ​ထိုင်​မှု​ကြောင့် နှောင့်​ယှက်​ခြင်း​ခံ​ရ​သည့် ဖြောင့်​မတ်​သော​လော​တ​ကို ကယ်​နုတ်​တော်​မူ​၏။

8. အ​ကြောင်း​မူ​ကား ထို​ဖြောင့်​မတ်​သော​သူ​သည် သူ​တို့​ထဲ​၌​နေ​ထိုင်​ခဲ့​စဉ် သူ​တို့​၏​တ​ရား​မဲ့​သော​အ​မှု​များ​ကို တွေ့​မြင်​ကြား​သိ​နေ​ရ​၍ နေ့​စဉ်​ရက်​ဆက် သူ​၏​ဖြောင့်​မတ်​သော​စိတ်​ဝိ​ညာဉ်​၌ အ​လွန်​အ​နှောင့်​အ​ယှက်​ဖြစ်​လေ​၏။

9. သို့​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​ဝတ်​၌​မွေ့​လျော်​သော​သူ​တို့​ကို စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ထဲ​မှ ကယ်​နုတ်​ရ​မည်​ကို​လည်း​ကောင်း၊ မ​ဖြောင့်​မတ်​သော​သူ​တို့​ကို တ​ရား​စီ​ရင်​ရာ​နေ့​ရက်​၌ အ​ပြစ်​ဒဏ်​ခံ​စေ​ရန်​ထိန်း​သိမ်း​ထား​ရ​မည်​ကို​လည်း​ကောင်း သိ​တော်​မူ​၏။

ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 2