ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 1:6-16 Myanmar Standard Bible (MSB)

6. အ​သိ​ပ​ညာ​၌ မိ​မိ​ကိုယ်​ကို​ချုပ်​တည်း​ခြင်း​ကို​လည်း​ကောင်း၊ မိ​မိ​ကိုယ်​ကို​ချုပ်​တည်း​ခြင်း​၌ သည်း​ခံ​ခြင်း​ကို​လည်း​ကောင်း၊ သည်း​ခံ​ခြင်း​၌ ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း​ကို​လည်း​ကောင်း၊

7. ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း​၌ ညီ​အစ်​ကို​ချင်း​ချစ်​သော​မေတ္တာ​ကို​လည်း​ကောင်း၊ ညီ​အစ်​ကို​ချင်း​ချစ်​သော​မေတ္တာ​၌ ချစ်​ခြင်း​မေတ္တာ​ကို​လည်း​ကောင်း လုံ့​လ​ဝီ​ရိ​ယ​ရှိ​သ​မျှ​ဖြင့် ထပ်​ဆင့်​ဖြည့်​စွက်​ကြ​လော့။

8. အ​ကြောင်း​မူ​ကား ဤ​ပါ​ရ​မီ​များ​သည် သင်​တို့​၌​ရှိ​၍ တိုး​ပွား​နေ​သည်​ဆို​လျှင် သင်​တို့​သည် ငါ​တို့​၏​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ကို​သိ​ခြင်း​အ​ရာ​၌ အ​ကျိုး​မ​ရှိ​သော​သူ၊ အ​သီး​မ​သီး​သော​သူ ဖြစ်​ကြ​လိမ့်​မည်​မ​ဟုတ်။

9. ထို​ပါ​ရ​မီ​များ​မ​ရှိ​သော​သူ​မူ​ကား မျက်​စိ​မ​မြင်​သော​သူ၊ အ​ဝေး​မှုန်​သော​သူ​ဖြစ်​ပြီး ယ​ခင်​ပြု​ခဲ့​သော​မိ​မိ​အ​ပြစ်​များ စင်​ကြယ်​စေ​ခြင်း​ခံ​ရ​သည်​ကို မေ့​လျော့​နေ​၏။

10. ထို့​ကြောင့် ညီ​အစ်​ကို​တို့၊ သင်​တို့​ခံ​ရ​သော ခေါ်​ယူ​တော်​မူ​ခြင်း​နှင့်​ရွေး​ကောက်​တော်​မူ​ခြင်း​ကို တည်​မြဲ​စေ​ရန် သာ​၍​ကြိုး​စား​ကြ​လော့။ အ​ကြောင်း​မူ​ကား ထို​သို့​ပြု​နေ​သ​ရွေ့ သင်​တို့​သည် မည်​သည့်​အ​ခါ​မျှ မှား​ယွင်း​ကြ​မည်​မ​ဟုတ်။

11. ထို့​ပြင် ငါ​တို့​၏​သ​ခင်​နှင့် ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​သော​ယေ​ရှု​ခ​ရစ်​တော်​၏ ထာ​ဝ​ရ​နိုင်​ငံ​တော်​ထဲ​သို့ ဝင်​စား​ရ​သော​အ​ခွင့်​ကို သင်​တို့​သည် ကြွယ်​ဝ​စွာ​ရ​ရှိ​ကြ​လိမ့်​မည်။

12. ထို့​ကြောင့် သင်​တို့​သည် ဤ​အ​ကြောင်း​အ​ရာ​များ​ကို​သိ​ရှိ​ကြ​၍ သင်​တို့​တွင်​ရှိ​သော​သမ္မာ​တ​ရား​၌ ခိုင်​ခံ့​မြဲ​မြံ​ကြ​ပြီ​ဖြစ်​သော်​လည်း ၎င်း​တို့​နှင့်​ပတ်​သက်​၍ သင်​တို့​ကို အ​စဉ်​သ​တိ​ပေး​နှို​ဆော်​ရန် ငါ​ကြံ​ရွယ်​ထား​၏။

13. ဤ​ခန္ဓာ​တဲ​၌ ငါ​ရှိ​နေ​သ​မျှ​ကာ​လ​ပတ်​လုံး ထို​သို့​သ​တိ​ပေး​နှိုး​ဆော်​ခြင်း​အား​ဖြင့် သင်​တို့​ကို​နိုး​ကြား​တက်​ကြွ​စေ​သင့်​သည်​ဟု ငါ​မှတ်​ယူ​ထား​၏။

14. အ​ဘယ်​ကြောင့်​ဆို​သော် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​သည်​လည်း ငါ့​အား​ဖော်​ပြ​တော်​မူ​သည့်​အ​တိုင်း ငါ​၏​ခန္ဓာ​တဲ​ကို မ​ကြာ​မီ​ချွတ်​ပယ်​ရ​မည်​ဖြစ်​ကြောင်း ငါ​သိ​၏။

15. ဤ​လော​က​မှ ငါ​ထွက်​ခွာ​သွား​ပြီး​နောက်​တွင်​လည်း ဤ​အ​ကြောင်း​အ​ရာ​များ​ကို သင်​တို့​အ​စဉ်​အ​မြဲ​သ​တိ​ရ​စေ​ရန် ငါ​ကြိုး​စား​မည်။

16. အ​ကြောင်း​မူ​ကား ငါ​တို့​သည် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​တန်​ခိုး​တော်​နှင့် ကြွ​လာ​တော်​မူ​ခြင်း​တို့​ကို သင်​တို့​အား​ပြော​ပြ​သော​အ​ခါ ပါး​နပ်​စွာ​ဖန်​တီး​ထား​သော​ဒဏ္ဍာ​ရီ​များ​ကို အ​သုံး​ပြု​သည်​မ​ဟုတ်။ ငါ​တို့​သည် ထို​အ​ရှင်​၏​ကြီး​မြတ်​သော​တန်​ခိုး​တော်​ကို ကိုယ်​တိုင်​မြင်​တွေ့​ရ​သူ​များ​ဖြစ်​ကြ​၏။

ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 1