ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 1:19-21 Myanmar Standard Bible (MSB)

19. ထို့​ပြင် ငါ​တို့​၌ ပို​၍​ခိုင်​လုံ​သော ပ​ရော​ဖက်​တို့​၏​စ​ကား​လည်း​ရှိ​၏။ သင်​တို့​၏​စိတ်​နှ​လုံး​ထဲ​၌ အ​ရုဏ်​တက်​၍ မိုး​သောက်​ကြယ်​ပေါ်​ထွက်​လာ​သည့်​တိုင်​အောင် သင်​တို့​သည် ထို​စ​ကား​ကို မှောင်​သော​အ​ရပ်​၌​ထွန်း​လင်း​နေ​သည့်​ဆီ​မီး​သ​ဖွယ် ကောင်း​စွာ​အာ​ရုံ​စိုက်​သင့်​၏။

20. ကျမ်း​စာ​၌​ပါ​သော ပ​ရော​ဖက်​ပြု​ဟော​ပြော​ချက်​အား​လုံး​သည် လူ​တစ်​ဦး​တစ်​ယောက်​၏​ကိုယ်​ပိုင်​အ​နက်​ဖွင့်​ဆို​ချက်​မ​ဟုတ်​ကြောင်း ဦး​စွာ​သိ​မှတ်​ရ​မည်။

21. အ​ကြောင်း​မူ​ကား ပ​ရော​ဖက်​ပြု​ဟော​ပြော​ချက်​သည် မည်​သည့်​အ​ခါ​မျှ လူ​၏​အ​လို​ဆန္ဒ​အ​ရ​ဖြစ်​ပေါ်​လာ​သည်​မ​ဟုတ်။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​နှိုး​ဆော်​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​ထံ​မှ​လာ​သော​စ​ကား​ကို ဟော​ပြော​ကြ​ခြင်း​ဖြစ်​၏။

ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 1