ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 1:11-21 Myanmar Standard Bible (MSB)

11. ထို့​ပြင် ငါ​တို့​၏​သ​ခင်​နှင့် ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​သော​ယေ​ရှု​ခ​ရစ်​တော်​၏ ထာ​ဝ​ရ​နိုင်​ငံ​တော်​ထဲ​သို့ ဝင်​စား​ရ​သော​အ​ခွင့်​ကို သင်​တို့​သည် ကြွယ်​ဝ​စွာ​ရ​ရှိ​ကြ​လိမ့်​မည်။

12. ထို့​ကြောင့် သင်​တို့​သည် ဤ​အ​ကြောင်း​အ​ရာ​များ​ကို​သိ​ရှိ​ကြ​၍ သင်​တို့​တွင်​ရှိ​သော​သမ္မာ​တ​ရား​၌ ခိုင်​ခံ့​မြဲ​မြံ​ကြ​ပြီ​ဖြစ်​သော်​လည်း ၎င်း​တို့​နှင့်​ပတ်​သက်​၍ သင်​တို့​ကို အ​စဉ်​သ​တိ​ပေး​နှို​ဆော်​ရန် ငါ​ကြံ​ရွယ်​ထား​၏။

13. ဤ​ခန္ဓာ​တဲ​၌ ငါ​ရှိ​နေ​သ​မျှ​ကာ​လ​ပတ်​လုံး ထို​သို့​သ​တိ​ပေး​နှိုး​ဆော်​ခြင်း​အား​ဖြင့် သင်​တို့​ကို​နိုး​ကြား​တက်​ကြွ​စေ​သင့်​သည်​ဟု ငါ​မှတ်​ယူ​ထား​၏။

14. အ​ဘယ်​ကြောင့်​ဆို​သော် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​သည်​လည်း ငါ့​အား​ဖော်​ပြ​တော်​မူ​သည့်​အ​တိုင်း ငါ​၏​ခန္ဓာ​တဲ​ကို မ​ကြာ​မီ​ချွတ်​ပယ်​ရ​မည်​ဖြစ်​ကြောင်း ငါ​သိ​၏။

15. ဤ​လော​က​မှ ငါ​ထွက်​ခွာ​သွား​ပြီး​နောက်​တွင်​လည်း ဤ​အ​ကြောင်း​အ​ရာ​များ​ကို သင်​တို့​အ​စဉ်​အ​မြဲ​သ​တိ​ရ​စေ​ရန် ငါ​ကြိုး​စား​မည်။

16. အ​ကြောင်း​မူ​ကား ငါ​တို့​သည် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​တန်​ခိုး​တော်​နှင့် ကြွ​လာ​တော်​မူ​ခြင်း​တို့​ကို သင်​တို့​အား​ပြော​ပြ​သော​အ​ခါ ပါး​နပ်​စွာ​ဖန်​တီး​ထား​သော​ဒဏ္ဍာ​ရီ​များ​ကို အ​သုံး​ပြု​သည်​မ​ဟုတ်။ ငါ​တို့​သည် ထို​အ​ရှင်​၏​ကြီး​မြတ်​သော​တန်​ခိုး​တော်​ကို ကိုယ်​တိုင်​မြင်​တွေ့​ရ​သူ​များ​ဖြစ်​ကြ​၏။

17. အ​ကြောင်း​မူ​ကား ခ​မည်း​တော်​ဘု​ရား​သ​ခင်​ထံ​မှ ဂုဏ်​တော်​နှင့်​ဘုန်း​တော်​ကို ကိုယ်​တော်​ခံ​ယူ​တော်​မူ​စဉ် ကြီး​မြတ်​သော​ဘုန်း​အ​သ​ရေ​ထဲ​မှ “ဤ​သူ​ကား ငါ​ချစ်​သော ငါ့​သား​ပေ​တည်း။ သူ့​ကို ငါ​နှစ်​သက်​၏”​ဟူ​သော​အ​သံ​တော်​သည် ကိုယ်​တော်​ထံ​သို့​ရောက်​ရှိ​လာ​၏။

18. ငါ​တို့​သည် သန့်​ရှင်း​သော​တောင်​ပေါ်​တွင် ကိုယ်​တော်​နှင့်​အ​တူ​ရှိ​ကြ​စဉ် ကောင်း​ကင်​မှ​ရောက်​လာ​သော ထို​အ​သံ​တော်​ကို​ကြား​ရ​ကြ​၏။

19. ထို့​ပြင် ငါ​တို့​၌ ပို​၍​ခိုင်​လုံ​သော ပ​ရော​ဖက်​တို့​၏​စ​ကား​လည်း​ရှိ​၏။ သင်​တို့​၏​စိတ်​နှ​လုံး​ထဲ​၌ အ​ရုဏ်​တက်​၍ မိုး​သောက်​ကြယ်​ပေါ်​ထွက်​လာ​သည့်​တိုင်​အောင် သင်​တို့​သည် ထို​စ​ကား​ကို မှောင်​သော​အ​ရပ်​၌​ထွန်း​လင်း​နေ​သည့်​ဆီ​မီး​သ​ဖွယ် ကောင်း​စွာ​အာ​ရုံ​စိုက်​သင့်​၏။

20. ကျမ်း​စာ​၌​ပါ​သော ပ​ရော​ဖက်​ပြု​ဟော​ပြော​ချက်​အား​လုံး​သည် လူ​တစ်​ဦး​တစ်​ယောက်​၏​ကိုယ်​ပိုင်​အ​နက်​ဖွင့်​ဆို​ချက်​မ​ဟုတ်​ကြောင်း ဦး​စွာ​သိ​မှတ်​ရ​မည်။

21. အ​ကြောင်း​မူ​ကား ပ​ရော​ဖက်​ပြု​ဟော​ပြော​ချက်​သည် မည်​သည့်​အ​ခါ​မျှ လူ​၏​အ​လို​ဆန္ဒ​အ​ရ​ဖြစ်​ပေါ်​လာ​သည်​မ​ဟုတ်။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​နှိုး​ဆော်​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​ထံ​မှ​လာ​သော​စ​ကား​ကို ဟော​ပြော​ကြ​ခြင်း​ဖြစ်​၏။

ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 1