ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 1:1-5 Myanmar Standard Bible (MSB)

1. ယေ​ရှု​ခ​ရစ်​တော်​၏​အ​စေ​အ​ပါး​နှင့်​တ​မန်​တော်​ဖြစ်​သော​ငါ​ရှိ​မုန်​ပေ​တ​ရု​သည် ငါ​တို့​ဘု​ရား​သ​ခင်​နှင့်​ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​သော ယေ​ရှု​ခ​ရစ်​တော်​၏​ဖြောင့်​မတ်​ခြင်း​အား​ဖြင့် ငါ​တို့​နည်း​တူ အ​ဖိုး​ထိုက်​သည့်​ယုံ​ကြည်​ခြင်း​ကို ခံ​ယူ​ရ​ရှိ​သော​သူ​တို့​ထံ​သို့ စာ​ရေး​လိုက်​ပါ​၏။

2. ဘု​ရား​သ​ခင်​နှင့်​ငါ​တို့​၏​သ​ခင်​ယေ​ရှု​ကို သိ​ခြင်း​အား​ဖြင့် ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​သည် သင်​တို့​၌​တိုး​ပွား​ပါ​စေ​သော။

3. ငါ​တို့​ကို မိ​မိ​၏​ဘုန်း​အ​သ​ရေ​နှင့်​ကောင်း​မြတ်​တော်​မူ​ခြင်း​ထဲ​သို့ ခေါ်​ယူ​တော်​မူ​သော​အ​ရှင်​ကို ငါ​တို့​သိ​ခြင်း​အား​ဖြင့် ကိုယ်​တော်​၌​ရှိ​သော​ဘု​ရား​တန်​ခိုး​တော်​သည် အ​သက်​ရှင်​ခြင်း​နှင့်​တ​ကွ ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း​တို့​နှင့်​ဆိုင်​သော အ​ရာ​ခပ်​သိမ်း​တို့​ကို ငါ​တို့​အား​ပေး​သ​နား​တော်​မူ​ပြီ။

4. ကိုယ်​တော်​သည် ထို​ဘုန်း​အ​သ​ရေ​နှင့်​ကောင်း​မြတ်​တော်​မူ​ခြင်း​တို့​အား​ဖြင့် ကြီး​မြတ်​၍ အ​ဖိုး​တန်​သော​က​တိ​တော်​များ​ကို ငါ​တို့​အား ပေး​သ​နား​တော်​မူ​၏။ ဤ​သည်​ကား ထို​က​တိ​တော်​အား​ဖြင့် သင်​တို့​သည် ဤ​ကမ္ဘာ​လော​က​၌​ရှိ​သည့်​တပ်​မက်​ခြင်း​ကြောင့် ဖြစ်​ပေါ်​လာ​သော​ပျက်​စီး​ခြင်း​မှ လွတ်​မြောက်​၍ ဘု​ရား​ဇာ​တိ​အ​ဖြစ်​တော်​ကို​မျှ​ဝေ​ခံ​စား​သူ​များ​ဖြစ်​လာ​ကြ​မည့်​အ​ကြောင်း​တည်း။

5. ဤ​အ​ကြောင်း​ကြောင့် သင်​တို့​၏​ယုံ​ကြည်​ခြင်း​၌ ကောင်း​မြတ်​ခြင်း​ကို​လည်း​ကောင်း၊ ကောင်း​မြတ်​ခြင်း​၌ အ​သိ​ပ​ညာ​ကို​လည်း​ကောင်း၊

ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 1