ရော​မ​ဩ​ဝါ​ဒ​စာ 9:25-29 Myanmar Standard Bible (MSB)

25. ဟော​ရှေ​ကျမ်း​၌ “ငါ​၏​လူ​မျိုး​မ​ဟုတ်​သော​သူ​ကို ‘ငါ​၏​လူ​မျိုး’​ဟူ​၍​လည်း​ကောင်း၊ မ​ချစ်​သော​သူ​ကို ‘ချစ်​သော​သူ’​ဟူ​၍​လည်း​ကောင်း ငါ​ခေါ်​မည်။

26. ‘သင်​တို့​သည် ငါ​၏​လူ​မျိုး​မ​ဟုတ်’​ဟု သူ​တို့​အား​မိန့်​ဆို​ထား​သော ထို​အ​ရပ်​၌​ပင် သူ​တို့​သည် ‘အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​သား​များ’​ဟူ​၍ ခေါ်​ဝေါ်​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​သည့်​အ​တိုင်း​ဖြစ်​၏။

27. ဟေ​ရှာ​ယ​က​လည်း အစ္စ​ရေး​လူ​မျိုး​နှင့်​ပတ်​သက်​၍ “အစ္စ​ရေး​အ​မျိုး​သား​တို့​၏​အ​ရေ​အ​တွက်​သည် ပင်​လယ်​သဲ​ပွင့်​များ​နှင့်​အ​မျှ​ရှိ​သော်​လည်း ကျန်​ရစ်​သော​သူ​မျှ​သာ ကယ်​တင်​ခြင်း​ခံ​ရ​လိမ့်​မည်။

28. အ​ကြောင်း​မူ​ကား ထာ​ဝ​ရ​ဘု​ရား​သည် မိန့်​တော်​မူ​သော​အ​ရာ​ကို မြေ​ကြီး​ပေါ်​၌​ပြည့်​စုံ​စေ​၍ မ​ဆိုင်း​မ​တွ ပြု​လုပ်​တော်​မူ​လိမ့်​မည်”​ဟု ကြွေး​ကြော်​၏။

29. ထို့​ပြင် ဟေ​ရှာ​ယ​က “ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​အ​တွက် အ​မျိုး​အ​နွယ်​ကို​ချန်​ထား​တော်​မ​မူ​လျှင် ငါ​တို့​သည် သော​ဒုံ​မြို့​ကဲ့​သို့​ဖြစ်​ခဲ့​၍ ဂေါ​မော​ရ​မြို့​နှင့်​တူ​ခဲ့​ကြ​ပေ​လိမ့်​မည်”​ဟု ကြို​တင်​ပြော​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

ရော​မ​ဩ​ဝါ​ဒ​စာ 9