ရော​မ​ဩ​ဝါ​ဒ​စာ 9:10-26 Myanmar Standard Bible (MSB)

10. ထို​မျှ​မ​က ရေ​ဗက္ကာ​သည်​လည်း ငါ​တို့​၏​ရှေး​ဘိုး​ဘေး​ဣ​ဇက်​တစ်​ဦး​တည်း​နှင့်​ပင်​စုံ​ဖက်​၍ ကိုယ်​ဝန်​ရ​ရှိ​သော​အ​ခါ

11. သား​တို့​မ​မွေး​ဖွား​မီ၊ ထို​သား​တို့​သည် အ​ကောင်း​အ​ဆိုး​ကို​မ​ပြု​ကျင့်​မီ​က​ပင် ဘု​ရား​သ​ခင်​၏​ရွေး​ကောက်​ခြင်း​နှင့်​ဆိုင်​သော အ​ကြံ​အ​စည်​တော်​သည် အ​ကျင့်​အား​ဖြင့်​မ​ဟုတ်​ဘဲ ခေါ်​ယူ​တော်​မူ​သော​သူ​အား​ဖြင့် တည်​စေ​ရန်

12. “အ​ကြီး​သည် အ​ငယ်​ကို အ​စေ​ခံ​ရ​လိမ့်​မည်”​ဟု ရေ​ဗက္ကာ​အား မိန့်​တော်​မူ​၏။

13. “ယာ​ကုပ်​ကို ငါ​ချစ်​၏။ ဧ​သော​ကို​မူ​ကား ငါ​မုန်း​၏”​ဟု ကျမ်း​စာ​၌​ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

14. သို့​ဖြစ်​လျှင် ငါ​တို့​သည် မည်​သို့​ဆို​ရ​မည်​နည်း။ ဘု​ရား​သ​ခင်​၌ မ​တ​ရား​မှု​ရှိ​သ​လော။ လုံး​ဝ​မ​ရှိ​ပေ။

15. အ​ဘယ်​ကြောင့်​ဆို​သော် ဘု​ရား​သ​ခင်​သည် မော​ရှေ​အား “ငါ​သည် သ​နား​လို​သော​သူ​ကို​သ​နား​၍ သက်​ညှာ​လို​သော​သူ​ကို သက်​ညှာ​မည်”​ဟု မိန့်​တော်​မူ​၏။

16. ထို့​ကြောင့် ဤ​အ​ရာ​သည် လူ​၏​အ​လို​ဆန္ဒ​အ​ပေါ်​၌​လည်း​ကောင်း၊ ကြိုး​စား​အား​ထုတ်​မှု​အ​ပေါ်​၌​လည်း​ကောင်း မ​မူ​တည်​ဘဲ က​ရု​ဏာ​ထား​တော်​မူ​သော​ဘု​ရား​သ​ခင်​အ​ပေါ်​၌​သာ မူ​တည်​၏။

17. အ​ကြောင်း​မူ​ကား ကျမ်း​စာ​၌ ဖာ​ရော​ဘု​ရင်​အား “သင့်​ကို ငါ​ချီး​မြှောက်​ခြင်း​မှာ သင်​၌ ငါ့​တန်​ခိုး​ကို​ပြ​သ​၍ ကမ္ဘာ​မြေ​တစ်​ဝန်း​လုံး​တွင် ငါ​၏​နာ​မ​ကို ကျော်​ကြား​စေ​ရန်​ဖြစ်​၏”​ဟု ဆို​ထား​၏။

18. ထို့​ကြောင့် ဘု​ရား​သ​ခင်​သည် သ​နား​လို​သော​သူ​ကို သ​နား​တော်​မူ​၍ ခေါင်း​မာ​စေ​လို​သော​သူ​ကို ခေါင်း​မာ​စေ​တော်​မူ​၏။

19. ထို​အ​ခါ သင်​က “သို့​ဖြစ်​လျှင် ဘု​ရား​သ​ခင်​သည် လူ​တို့​ကို အ​ဘယ်​ကြောင့် အ​ပြစ်​တင်​တော်​မူ​သေး​သ​နည်း။ မည်​သူ​သည် ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို ဆန့်​ကျင်​နိုင်​မည်​နည်း”​ဟု ငါ့​အား မေး​မြန်း​လိမ့်​မည်။

20. သို့​သော် အ​ချင်း​လူ၊ သင်​သည် မည်​သူ​ဖြစ်​၍ ဘု​ရား​သ​ခင်​ကို ပြန်​ခံ​ပြော​ဆို​သ​နည်း။ ပုံ​သွင်း​ခံ​ရ​သော​အ​ရာ​သည် ပုံ​သွင်း​ပေး​သော​သူ​အား “အ​ဘယ်​ကြောင့် ငါ့​ကို ဤ​သို့​ပြု​လုပ်​ခဲ့​သ​နည်း”​ဟု ပြော​ဆို​နိုင်​ပါ​မည်​လော။

21. အိုး​ထိန်း​သည်​သည် ရွှံ့​စေး​တစ်​ပုံ​တည်း​ထဲ​မှ အ​သ​ရေ​ရှိ​သော​အ​ရာ​အ​တွက်​သုံး​ရန် အိုး​ခွက်​ကို​လည်း​ကောင်း၊ အ​သ​ရေ​မ​ရှိ​သော​အ​ရာ​အ​တွက်​သုံး​ရန် အိုး​ခွက်​ကို​လည်း​ကောင်း လုပ်​ပိုင်​ခွင့်​ရှိ​သည်​မ​ဟုတ်​လော။

22. သို့​ရာ​တွင် ဘု​ရား​သ​ခင်​သည် အ​မျက်​တော်​ကို​ပြ​သ​ရန်​နှင့် မိ​မိ​၏​တန်​ခိုး​တော်​ကို​သိ​စေ​ရန် အ​လို​တော်​ရှိ​လျက်​နှင့်​ပင် ဖျက်​ဆီး​ရန်​ပြင်​ဆင်​ထား​သော အ​မျက်​တော်​ဆိုင်​ရာ​အိုး​ခွက်​များ​ကို အ​လွန်​စိတ်​ရှည်​စွာ​သည်း​ခံ​တော်​မူ​လျှင် မည်​သို့​နည်း။

23. ထို့​ပြင် ဘုန်း​အ​သ​ရေ​အ​တွက်​ကြို​တင်​ပြင်​ဆင်​ထား​သော က​ရု​ဏာ​တော်​ဆိုင်​ရာ​အိုး​ခွက်​များ​၌ မိ​မိ​ဘုန်း​အ​သ​ရေ​တော်​၏​ကြွယ်​ဝ​မှု​ကို သိ​စေ​ရန်​ပြု​တော်​မူ​လျှင် မည်​သို့​နည်း။

24. ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ထို​က​ရု​ဏာ​တော်​ဆိုင်​ရာ​အိုး​ခွက်​များ​အ​ဖြစ် ဂျူး​လူ​မျိုး​တို့​ထဲ​မှ​သာ​မ​က​ဘဲ လူ​မျိုး​ခြား​တို့​ထဲ​မှ​လည်း ခေါ်​ယူ​ထား​တော်​မူ​၏။

25. ဟော​ရှေ​ကျမ်း​၌ “ငါ​၏​လူ​မျိုး​မ​ဟုတ်​သော​သူ​ကို ‘ငါ​၏​လူ​မျိုး’​ဟူ​၍​လည်း​ကောင်း၊ မ​ချစ်​သော​သူ​ကို ‘ချစ်​သော​သူ’​ဟူ​၍​လည်း​ကောင်း ငါ​ခေါ်​မည်။

26. ‘သင်​တို့​သည် ငါ​၏​လူ​မျိုး​မ​ဟုတ်’​ဟု သူ​တို့​အား​မိန့်​ဆို​ထား​သော ထို​အ​ရပ်​၌​ပင် သူ​တို့​သည် ‘အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​သား​များ’​ဟူ​၍ ခေါ်​ဝေါ်​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​သည့်​အ​တိုင်း​ဖြစ်​၏။

ရော​မ​ဩ​ဝါ​ဒ​စာ 9