ရော​မ​ဩ​ဝါ​ဒ​စာ 8:13-26 Myanmar Standard Bible (MSB)

13. အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​သည် သွေး​သား​ဇာ​တိ​အ​လို​အ​တိုင်း​အ​သက်​ရှင်​လျှင် သေ​ရ​ကြ​မည်။ သို့​သော် ဝိ​ညာဉ်​တော်​အား​ဖြင့် ကိုယ်​ခန္ဓာ​၏​လုပ်​ဆောင်​မှု​များ​ကို​သေ​စေ​လျှင် သင်​တို့​သည် အ​သက်​ရှင်​ကြ​လိမ့်​မည်။

14. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​ရှေ့​ဆောင်​လမ်း​ပြ​မှု​ကို ခံ​ယူ​သ​မျှ​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​၏​သား​များ​ဖြစ်​ကြ​၏။

15. သင်​တို့​သည် ကြောက်​ရွံ့​ခြင်း​သို့ တစ်​ဖန်​ရောက်​စေ​သော ကျွန်​၏​ဝိ​ညာဉ်​ကို​ခံ​ယူ​ရ​ရှိ​ကြ​သည်​မ​ဟုတ်​ဘဲ သား​သ​မီး​အ​ရာ​ကို​ပေး​သော​ဝိ​ညာဉ်​တော်​ကို ခံ​ယူ​ရ​ရှိ​ကြ​၏။ ထို​ဝိ​ညာဉ်​တော်​အား​ဖြင့် “အဗ္ဗ၊ အ​ဖ”​ဟု ငါ​တို့​ခေါ်​ကြ​၏။

16. ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​ကြောင်း​ကို ဝိ​ညာဉ်​တော်​ကိုယ်​တိုင် ငါ​တို့​၏​ဝိ​ညာဉ်​နှင့်​အ​တူ​သက်​သေ​ခံ​တော်​မူ​၏။

17. ထို​သို့ သား​သ​မီး​များ​ဖြစ်​ကြ​လျှင် အ​မွေ​ခံ​များ​လည်း ဖြစ်​ကြ​၏။ ငါ​တို့​သည် ခ​ရစ်​တော်​နှင့်​အ​တူ​ဘုန်း​တော်​ချီး​မြှောက်​ခြင်း​ခံ​ရ​ရန် ဒုက္ခ​ဆင်း​ရဲ​ခြင်း​ကို​လည်း ကိုယ်​တော်​နှင့်​အ​တူ​ခံ​ရ​ကြ​လျှင် ဘု​ရား​သ​ခင်​၏​အ​မွေ​ခံ​များ​ဖြစ်​ကြ​ပြီး ခ​ရစ်​တော်​နှင့်​အ​တူ​အ​မွေ​ဆက်​ခံ​သူ​များ​လည်း ဖြစ်​ကြ​၏။

18. ယ​ခု​မျက်​မှောက်​ကာ​လ​၌ ခံ​ရ​သော​ဒုက္ခ​ဝေ​ဒ​နာ​များ​သည် ငါ​တို့​၌​ထင်​ရှား​မည့်​ဘုန်း​အ​သ​ရေ​နှင့်​နှိုင်း​လျှင် မ​ပြော​ပ​လောက်​ဟု ငါ​မှတ်​ယူ​၏။

19. ဖန်​ဆင်း​ခံ​လော​က​သည် ဘု​ရား​သ​ခင့်​သား​များ​၏​ထင်​ရှား​ခြင်း​ကို အ​လွန်​တောင့်​တ​သော​စိတ်​ဖြင့် စောင့်​မျှော်​လျက်​နေ​၏။

20. အ​ဘယ်​ကြောင့်​ဆို​သော် ဖန်​ဆင်း​ခံ​လော​က​သည် အ​ချည်း​နှီး​အ​ဖြစ်​သို့​ချ​ထား​ခြင်း​ခံ​ရ​သည်​မှာ မိ​မိ​ဆန္ဒ​အ​လျောက်​မ​ဟုတ်​ဘဲ ချ​ထား​တော်​မူ​သော​အ​ရှင်​ကြောင့်​သာ​ဖြစ်​ပြီး

21. ဖန်​ဆင်း​ခံ​လော​က​ကိုယ်​တိုင် ပျက်​စီး​ခြင်း​၏​အ​နှောင်​အ​ဖွဲ့​မှ လွတ်​မြောက်​၍ ဘု​ရား​သ​ခင့်​သား​သ​မီး​များ​၏​ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော လွတ်​လပ်​ခြင်း​သို့​ဝင်​စား​ခွင့်​ရ​မည်​ဟူ​သည့် မျှော်​လင့်​ခြင်း​ရှိ​သော​ကြောင့်​ဖြစ်​၏။

22. ဖန်​ဆင်း​ခံ​လော​က​တစ်​ခု​လုံး​သည် ယ​ခု​တိုင်​အောင် အ​တူ​တ​ကွ​ညည်း​တွား​လျက် အ​တူ​တ​ကွ​သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို​ခံ​စား​လျက်​ရှိ​ကြောင်း ငါ​တို့​သိ​ကြ​၏။

23. ထို​မျှ​မ​က ဝိ​ညာဉ်​တော်​၏​အ​သီး​ဦး​ကို​ရ​ရှိ​သော ငါ​တို့​ကိုယ်​တိုင်​သည်​လည်း သား​သ​မီး​အ​ရာ​ကို​ရ​ခြင်း​တည်း​ဟူ​သော ငါ​တို့​၏​ကိုယ်​ခန္ဓာ​ရွေး​နုတ်​ခံ​ရ​ခြင်း​ကို စောင့်​မျှော်​လျက် စိတ်​နှ​လုံး​ထဲ​၌ ညည်း​တွား​နေ​ကြ​၏။

24. ငါ​တို့​သည် ဤ​မျှော်​လင့်​ခြင်း​အား​ဖြင့် ကယ်​တင်​ခြင်း​ခံ​ရ​ကြ​၏။ သို့​သော် မြင်​နေ​ရ​သော​မျှော်​လင့်​ခြင်း​သည် မျှော်​လင့်​ခြင်း​မ​ဟုတ်။ အ​ကြောင်း​မှာ မည်​သူ​သည် မြင်​နေ​သော​အ​ရာ​ကို ဆက်​၍​မျှော်​လင့်​မည်​နည်း။

25. မ​မြင်​သေး​သော​အ​ရာ​ကို ငါ​တို့​မျှော်​လင့်​ကြ​လျှင်​မူ​ကား ထို​အ​ရာ​ကို သည်း​ခံ​သော​စိတ်​နှင့်​စောင့်​မျှော်​ကြ​၏။

26. ထို​နည်း​တူ ဝိ​ညာဉ်​တော်​သည်​လည်း ငါ​တို့​၏​အား​နည်း​ခြင်း​ကို ဖေး​မ​ကူ​ညီ​ပေး​တော်​မူ​၏။ ငါ​တို့​သည် ဆု​တောင်း​သင့်​သည့်​အ​တိုင်း မည်​သို့​ဆု​တောင်း​ရ​မည်​ကို မ​သိ​ကြ။ သို့​သော် ဝိ​ညာဉ်​တော်​ကိုယ်​တော်​တိုင် စ​ကား​ဖြင့်​ဖော်​ပြ​၍​မ​ရ​နိုင်​သော ညည်း​တွား​သံ​များ​ဖြင့် ငါ​တို့​အ​တွက် အ​သ​နား​ခံ​ပေး​တော်​မူ​၏။

ရော​မ​ဩ​ဝါ​ဒ​စာ 8