ရော​မ​ဩ​ဝါ​ဒ​စာ 8:1-12 Myanmar Standard Bible (MSB)

1. ထို့​ကြောင့် ယ​ခု​အ​ခါ ခ​ရစ်​တော်​ယေ​ရှု​၌​ရှိ​သော​သူ​တို့​သည် ပြစ်​ဒဏ်​စီ​ရင်​ခြင်း​မ​ခံ​ရ။

2. အ​ကြောင်း​မူ​ကား ခ​ရစ်​တော်​ယေ​ရှု​၌​ရှိ​သည့် အ​သက်​ရှင်​ခြင်း​၏​ဝိ​ညာဉ်​တော်​နှင့်​ဆိုင်​သော​တ​ရား​သည် အ​ပြစ်​နှင့်​သေ​ခြင်း​တို့​နှင့်​ဆိုင်​သော​တ​ရား​မှ သင့်​ကို​လွတ်​မြောက်​စေ​ပြီ​ဖြစ်​၏။

3. ဘု​ရား​သ​ခင်​သည် မိ​မိ​၏​သား​တော်​ကို အ​ပြစ်​နှင့်​ပြည့်​ဝ​သည့် သွေး​သား​ဇာ​တိ​နှင့်​တူ​ညီ​သော​သဏ္ဌာန်​၌ အ​ပြစ်​အ​တွက်​စေ​လွှတ်​တော်​မူ​၍ သွေး​သား​ဇာ​တိ​၌​ရှိ​သော​အ​ပြစ်​ကို ဒဏ်​ခတ်​တော်​မူ​ပြီး သွေး​သား​ဇာ​တိ​ကြောင့် အား​နည်း​၍ ပ​ညတ်​တ​ရား​မ​ဆောင်​ရွက်​နိုင်​သော​အ​မှု​ကို ဆောင်​ရွက်​ပေး​တော်​မူ​၏။

4. ဤ​သည်​ကား သွေး​သား​ဇာ​တိ​အ​လို​အ​တိုင်း​မ​ဟုတ်​ဘဲ ဝိ​ညာဉ်​တော်​အ​လို​အ​တိုင်း အ​သက်​ရှင်​လျှောက်​လှမ်း​နေ​ကြ​သော​ငါ​တို့​၌ ပ​ညတ်​တ​ရား​၏​ပြဋ္ဌာန်း​ချက်​များ ပြည့်​စုံ​စေ​ရန်​ဖြစ်​၏။

5. သွေး​သား​ဇာ​တိ​အ​လို​အ​တိုင်း အ​သက်​ရှင်​သော​သူ​တို့​သည် သွေး​သား​ဇာ​တိ​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို စွဲ​လမ်း​ကြ​၏။ ဝိ​ညာဉ်​တော်​အ​လို​အ​တိုင်း အ​သက်​ရှင်​သော​သူ​တို့​မူ​ကား ဝိ​ညာဉ်​တော်​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို စွဲ​လမ်း​ကြ​၏။

6. သွေး​သား​ဇာ​တိ​နှင့်​ဆိုင်​သော​စိတ်​သ​ဘော​သည် သေ​ခြင်း​ဖြစ်​၏။ ဝိ​ညာဉ်​တော်​နှင့်​ဆိုင်​သော​စိတ်​သ​ဘော​မူ​ကား အ​သက်​ရှင်​ခြင်း​နှင့်​ငြိမ်​သက်​ခြင်း​ဖြစ်​၏။

7. အ​ဘယ်​ကြောင့်​ဆို​သော် သွေး​သား​ဇာ​တိ​နှင့်​ဆိုင်​သော​စိတ်​သ​ဘော​သည် ဘု​ရား​သ​ခင်​နှင့် ရန်​ဘက်​ဖြစ်​၏။ အ​ကြောင်း​မူ​ကား ထို​စိတ်​သ​ဘော​သည် ဘု​ရား​သ​ခင်​၏​ပ​ညတ်​တ​ရား​ကို နာ​ခံ​ခြင်း​မ​ရှိ။ အ​မှန်​စင်​စစ် နာ​ခံ​၍​လည်း​မ​ရ​နိုင်။

8. ထို့​ကြောင့် သွေး​သား​ဇာ​တိ​အား​ဖြင့်​အ​သက်​ရှင်​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို​မ​နှစ်​သက်​စေ​နိုင်​ကြ။

9. သို့​သော် ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ထဲ​၌​ကိန်း​ဝပ်​တော်​မူ​လျှင် သင်​တို့​သည် သွေး​သား​ဇာ​တိ​၌​မ​ဟုတ်​ဘဲ ဝိ​ညာဉ်​တော်​၌​ရှိ​ကြ​၏။ ခ​ရစ်​တော်​၏​ဝိ​ညာဉ်​တော်​ကို​မ​ရ​သော​သူ​သည် ခ​ရစ်​တော်​နှင့်​မ​ဆိုင်။

10. သို့​ရာ​တွင် ခ​ရစ်​တော်​သည် သင်​တို့​အ​ထဲ​၌​ရှိ​တော်​မူ​လျှင် ကိုယ်​ခန္ဓာ​သည် အ​ပြစ်​ကြောင့် သေ​နေ​သော်​လည်း ဝိ​ညာဉ်​သည် ဖြောင့်​မတ်​ခြင်း​ကြောင့် အ​သက်​ရှင်​လျက်​ရှိ​၏။

11. ထို​မျှ​မ​က ယေ​ရှု​ကို သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​စေ​တော်​မူ​သော​ဘု​ရား​ရှင်​၏​ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ထဲ​၌​ကိန်း​ဝပ်​တော်​မူ​လျှင် ခ​ရစ်​တော်​ကို သေ​သော​သူ​တို့​ထဲ​မှ​ထ​မြောက်​စေ​တော်​မူ​သော​ဘု​ရား​ရှင်​သည် သင်​တို့​အ​ထဲ​၌​တည်​နေ​သော မိ​မိ​၏​ဝိ​ညာဉ်​တော်​အား​ဖြင့် သေ​တတ်​သော သင်​တို့​၏​ကိုယ်​ခန္ဓာ​ကို​လည်း အ​သက်​ရှင်​စေ​တော်​မူ​လိမ့်​မည်။

12. သို့​ဖြစ်​၍ ညီ​အစ်​ကို​တို့၊ ငါ​တို့​သည် သွေး​သား​ဇာ​တိ​အ​လို​အ​တိုင်း​အ​သက်​ရှင်​ရန် သွေး​သား​ဇာ​တိ​အ​ပေါ် တာ​ဝန်​ရှိ​သည်​မ​ဟုတ်။

ရော​မ​ဩ​ဝါ​ဒ​စာ 8