16. သင်တို့သည် တစ်စုံတစ်ဦးအား မိမိကိုယ်ကိုဆက်သ၍ ကျွန်အဖြစ်နာခံလျှင် သင်တို့သည် သင်တို့နာခံသောသူ၏ကျွန်ဖြစ်ကြပြီး သေခြင်းသို့ရောက်စေသည့် အပြစ်၏ကျွန် သို့မဟုတ် ဖြောင့်မတ်ခြင်းသို့ရောက်စေသည့် နာခံမှု၏ကျွန်ဖြစ်တတ်သည်ကို သင်တို့မသိကြသလော။
17. သင်တို့သည် အပြစ်၏ကျွန်ဖြစ်ခဲ့ကြသော်လည်း သင်တို့ခံယူရရှိသော သွန်သင်ချက်၏နည်းဥပဒေသကို စိတ်နှလုံးနှင့်တကွနာခံကြသဖြင့်
18. အပြစ်၏လက်မှ လွတ်မြောက်ခွင့်ရပြီး ဖြောင့်မတ်ခြင်း၏ကျွန်ဖြစ်လာကြသောကြောင့် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၏။
19. သင်တို့၏သွေးသားဇာတိအားနည်းသောကြောင့် ငါသည် လောကီဝေါဟာရအားဖြင့် ပြောဆို၏။ ယခင်က သင်တို့သည် မိမိတို့၏ကိုယ်အင်္ဂါများကို ညစ်ညူးခြင်းနှင့်တရားမဲ့ခြင်းတို့၏ကျွန်အဖြစ် ဆက်သ၍ တရားမဲ့ခြင်းထဲသို့ ရောက်ခဲ့ကြသည့်နည်းတူ ယခု မိမိတို့၏ကိုယ်အင်္ဂါများကို ဖြောင့်မတ်ခြင်း၏ကျွန်အဖြစ် ဆက်သ၍ သန့်ရှင်းခြင်းသို့ရောက်ကြလော့။
20. သင်တို့သည် အပြစ်၏ကျွန်ဖြစ်ခဲ့စဉ်က ဖြောင့်မတ်ခြင်းနှင့်ကင်းဝေးသောသူများဖြစ်ခဲ့ကြ၏။
21. ထိုစဉ်က ယခု သင်တို့ရှက်ကြောက်လျက်ရှိသောအရာတို့မှ မည်သည့်အကျိုးကျေးဇူးကို ရရှိခဲ့ကြသနည်း။ ထိုအရာတို့၏ရလဒ်သည် သေခြင်းဖြစ်၏။