ရော​မ​ဩ​ဝါ​ဒ​စာ 6:12-19 Myanmar Standard Bible (MSB)

12. ထို့​ကြောင့် ကိုယ်​ခန္ဓာ​၏​တပ်​မက်​ခြင်း​အ​လို​သို့​လိုက်​ရန် သင်​တို့​၏​သေ​တတ်​သော​ကိုယ်​ခန္ဓာ​ကို အ​ပြစ်​အား မ​စိုး​မိုး​စေ​ကြ​နှင့်။

13. သင်​တို့​၏​ကိုယ်အင်္ဂါ​များ​ကို​လည်း မ​တ​ရား​မှု​၏​လက်​နက်​များ​အ​ဖြစ် အ​ပြစ်​အား မ​ဆက်​သ​ကြ​နှင့်။ ထို​သို့​ပြု​မည့်​အ​စား သေ​သော​သူ​တို့​ထဲ​မှ အ​သက်​ရှင်​လာ​သူ​ကဲ့​သို့ မိ​မိ​ကိုယ်​ကို ဘု​ရား​သ​ခင်​အား ဆက်​သ​၍ သင်​တို့​၏​ကိုယ်အင်္ဂါ​များ​ကို ဖြောင့်​မတ်​ခြင်း​၏​လက်​နက်​များ​အ​ဖြစ် ဘု​ရား​သ​ခင်​အား ဆက်​သ​ကြ​လော့။

14. အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​သည် ပ​ညတ်​တ​ရား​လက်​အောက်​၌​မ​ရှိ​ဘဲ ကျေး​ဇူး​တော်​လက်​အောက်​၌​ရှိ​ကြ​သည်​ဖြစ်​၍ အ​ပြစ်​တ​ရား​သည် သင်​တို့​ကို အ​စိုး​တ​ရ​ပြု​လိမ့်​မည်​မ​ဟုတ်။

15. သို့​ဖြစ်​လျှင် မည်​သို့​နည်း။ ငါ​တို့​သည် ပ​ညတ်​တ​ရား​လက်​အောက်​၌​မ​ရှိ​ဘဲ ကျေး​ဇူး​တော်​လက်​အောက်​၌​ရှိ​ကြ​သော​ကြောင့် အ​ပြစ်​ပြု​ရ​မည်​လော။ လုံး​ဝ​မ​ပြု​ရ။

16. သင်​တို့​သည် တစ်​စုံ​တစ်​ဦး​အား မိ​မိ​ကိုယ်​ကို​ဆက်​သ​၍ ကျွန်​အ​ဖြစ်​နာ​ခံ​လျှင် သင်​တို့​သည် သင်​တို့​နာ​ခံ​သော​သူ​၏​ကျွန်​ဖြစ်​ကြ​ပြီး သေ​ခြင်း​သို့​ရောက်​စေ​သည့် အ​ပြစ်​၏​ကျွန် သို့​မ​ဟုတ် ဖြောင့်​မတ်​ခြင်း​သို့​ရောက်​စေ​သည့် နာ​ခံ​မှု​၏​ကျွန်​ဖြစ်​တတ်​သည်​ကို သင်​တို့​မ​သိ​ကြ​သ​လော။

17. သင်​တို့​သည် အ​ပြစ်​၏​ကျွန်​ဖြစ်​ခဲ့​ကြ​သော်​လည်း သင်​တို့​ခံ​ယူ​ရ​ရှိ​သော သွန်​သင်​ချက်​၏​နည်း​ဥ​ပ​ဒေ​သ​ကို စိတ်​နှ​လုံး​နှင့်​တ​ကွ​နာ​ခံ​ကြ​သ​ဖြင့်

18. အ​ပြစ်​၏​လက်​မှ လွတ်​မြောက်​ခွင့်​ရ​ပြီး ဖြောင့်​မတ်​ခြင်း​၏​ကျွန်​ဖြစ်​လာ​ကြ​သော​ကြောင့် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၏။

19. သင်​တို့​၏​သွေး​သား​ဇာ​တိ​အား​နည်း​သော​ကြောင့် ငါ​သည် လော​ကီ​ဝေါ​ဟာ​ရ​အား​ဖြင့် ပြော​ဆို​၏။ ယ​ခင်​က သင်​တို့​သည် မိ​မိ​တို့​၏​ကိုယ်အင်္ဂါ​များ​ကို ညစ်​ညူး​ခြင်း​နှင့်​တ​ရား​မဲ့​ခြင်း​တို့​၏​ကျွန်​အ​ဖြစ် ဆက်​သ​၍ တ​ရား​မဲ့​ခြင်း​ထဲ​သို့ ရောက်​ခဲ့​ကြ​သည့်​နည်း​တူ ယ​ခု မိ​မိ​တို့​၏​ကိုယ်အင်္ဂါ​များ​ကို ဖြောင့်​မတ်​ခြင်း​၏​ကျွန်​အ​ဖြစ် ဆက်​သ​၍ သန့်​ရှင်း​ခြင်း​သို့​ရောက်​ကြ​လော့။

ရော​မ​ဩ​ဝါ​ဒ​စာ 6